Valiyor Silar
အာဂျွန်တို့မိသားစုဟာ ငွေကြေးမပြေလည်တဲ့ကြားက ညီမငယ်ရမ်ယာရဲ့ မင်္ဂလာပွဲအတွက် အိမ်ကိုပေါင်ပြီး ပိုက်ဆံချေးထားရပါတယ်။ အပြန်လမ်းမှာတော့ စာရွက်စာတမ်းနဲ့ ကိုယ်ရေးအချက်အလက်တွေ မပါလို့ဆိုပြီး ရဲတွေက သံသယဝင်ကာ ပါလာတဲ့ပစ္စည်းတွေကို တစ်ညသိမ်းထားလိုက်တယ်။ နောက်နေ့ စာရွက်စာတမ်းပြပြီး ပြန်လာထုတ်ဖို့ ပြောလိုက်တာပါ။ အာဂျွန် ရဲစခန်းကို သွားထုတ်တဲ့အခါ ပေးထားတဲ့ငွေ သိန်းနှစ်ဆယ်အစား ငါးသိန်းပဲ ပြန်ရပါတော့တယ်။ ဒီငွေမရှိရင် ညီမလေးရဲ့မင်္ဂလာပွဲ ပျက်တော့မှာမို့ သူလည်း ဘာလုပ်ရမှန်းမသိ ဖြစ်သွားတယ်။ ပျောက်နေတဲ့ငွေတွေ ဘယ်ရောက်သွားတာလဲ။ သူသံသယရှိသလို ရဲတွေက ကြားထဲကနေ အစဖျောက်ယူထားတာလား။ မိဘနှစ်ပါးကိုလည်း ဖြစ်ကြောင်းကုန်စင် ဖွင့်မပြောနိုင်သလို ညီမရဲ့မင်္ဂလာပွဲကိုလည်း အပျက်မခံနိုင်တဲ့ အာဂျွန်ဟာ ပြဿနာပြေလည်ဖို့ လုပ်မိလုပ်ရာတွေ လုပ်လာပါတယ်။ သွေးထွက်သံယိုတွေ မပါဘဲ လူငယ်တစ်ယောက်နဲ့ ရဲတစ်ယောက်ကြားက ပဋိပက္ခကို သဲလွန်စတွေတစ်ဆင့်ချင်း ဖော်ရင်း ပြထားတဲ့ မှုခင်းဇာတ်ကားပါ။
ဇာတ်လမ်းအကြောင်း