No Limit
Roxana Aubry လို့ခေါ်တဲ့ Roxy ဟာ ငယ်ငယ်ကတည်းက ရေငုပ်လာခဲ့ပေမယ့် ကြီးလာတဲ့အခါ ကိုယ်ဝါသနာပါတဲ့အရာအပေါ် စိတ်အားထက်သန်မှု ပျောက်ဆုံးနေပါတယ်။ ဘာဆက်လုပ်ရမလဲ မသိဘဲ ဝေဝါးနေချိန်မှာ ကမ္ဘာ့ချန်ပီယံ Pascal Gautier ရဲ့သင်တန်းကို တွေ့ပြီး တက်ဖြစ်သွားတယ်။ အဲဒီကနေ သူမဘဝထဲမှာ အချစ်နဲ့ပတ်သက်တဲ့ အတွေ့အကြုံတွေ ဖြစ်လာပါတယ်။ ဇာတ်လမ်းမှာ အချစ်၊ လူ့သဘာဝနဲ့ လက်တွဲဖော်အပေါ် ယုံကြည်မှုတို့ကို ပြောထားသလို Roxy ကျင်လည်ရာ အလွတ်တန်းရေငုပ်အားကစားအကြောင်းကိုလည်း အသေးစိတ် ဖော်ပြထားပါတယ်။ ပင်လယ်ပြင်ရှုခင်းတွေနဲ့ ရေငုပ်အားကစားကို နောက်ခံထားပြီး သူမရဲ့အကြောင်းကို ဆက်ပြသွားတာပါ။ ဒီပြင်သစ်ရုပ်ရှင်မှာ The Deep House ထဲက Camille Rowe က Roxy အဖြစ် သရုပ်ဆောင်ထားပါတယ်။
ဇာတ်လမ်းအကြောင်း