Where the Wild Things Are
မက်စ်က မိသားစုပြိုကွဲမှုကို ကြုံထားရတဲ့ ဆယ်နှစ်အရွယ် ကောင်လေးတစ်ယောက်ပါ။ ကလေးဘဝဆိုတာ အပူအပင်ကင်းတယ်လို့ ပြောလေ့ရှိကြပေမယ့် မိသားစုအဆင်မပြေမှုတွေကြားမှာ ကြီးပြင်းလာရတဲ့ ကလေးတွေအတွက်တော့ အမြဲဒီလိုမဖြစ်နိုင်ပါဘူး။ ဒီဇာတ်ကားက မက်စ်ရဲ့စိတ်ခံစားချက်တွေကို အဓိကထားပြီး ကလေးတစ်ယောက်အပေါ် မိသားစုပြိုကွဲမှုက ဘယ်လိုသက်ရောက်နိုင်သလဲဆိုတာကို ပုံဖော်ထားပါတယ်။ ကလေးဖတ်ရုပ်ပြစာအုပ်ကို အခြေခံရိုက်ကူးထားပြီး ကလေးတွေနဲ့ လူကြီးတွေပါ ကြည့်နိုင်တဲ့ ဇာတ်ကားပါ။ Her (2013) ကို ရိုက်ကူးခဲ့တဲ့ Spike Jonze က ဒါရိုက်တာအဖြစ် တာဝန်ယူထားသလို Tom Hanks ကလည်း ထုတ်လုပ်သူအဖြစ် ပါဝင်ထားပါတယ်။ ရိုက်ကူးစရိတ် ဒေါ်လာသန်းတစ်ရာ ကုန်ကျခဲ့ပြီး ငွေကြေးအရ အမြတ်များများမရခဲ့ပေမယ့် အနုပညာပိုင်းမှာ အသိအမှတ်ပြုခံခဲ့ရကာ ၂၀၀၉ ခုနှစ်ရဲ့ အကောင်းဆုံးရုပ်ရှင်ဆယ်ကားစာရင်းတွေမှာလည်း ပါဝင်ခဲ့ပါတယ်။
ဇာတ်လမ်းအကြောင်း