The King of Pigs
ဟွမ်ဂယောင်မင်းတို့ကျောင်းမှာ အားကြီးသူတွေက အားနည်းသူတွေကို အနိုင်ကျင့်နေကြပါတယ်။ အငိုသန်သူလို့ အခေါ်ခံရတဲ့ ဟွမ်ဂယောင်မင်းကတော့ အဲဒီအနိုင်ကျင့်မှုတွေကို အောင့်အီးသည်းခံနေရသူပါ။ သူနဲ့ မူလတန်းကတည်းက ကျောင်းနေဖက်ဖြစ်လာတဲ့ ဂျောင်ဂျုံဆော့ရှိသလို သူတို့ကြားကို လောကကြီးကို အရွဲ့တိုက်တတ်တဲ့ ဂင်ချောလ်ဆိုတဲ့ ကောင်လေးတစ်ယောက်လည်း ရောက်လာပါတယ်။ ဒီကောင်လေးသုံးယောက်ဟာ ကိုယ်တိုင်ခံနေရတဲ့ အနိုင်ကျင့်မှုတွေအပြင် တခြားသူတွေ ကြုံနေရတာတွေကိုပါ ဖြေရှင်းဖို့ ကြိုးစားကြတယ်။ သူတို့ ဘယ်လိုရင်ဆိုင်ကြမလဲ၊ အဲဒီကိစ္စတွေက သူတို့ဘဝကို ဘယ်လိုရိုက်ခတ်လာမလဲဆိုတာကို ဇာတ်လမ်းမှာ ဆက်ပြထားပါတယ်။ ၂၀၁၁ ခုနှစ်ထွက် ဒီကိုရီးယားအန်နီမေးရှင်းဟာ စိတ်ပိုင်းဆိုင်ရာဖိအားတွေကို အလေးထားတဲ့ ဒရာမာ၊ သည်းထိတ်ရင်ဖိုဇာတ်ကားပါ။ ရင့်သီးတဲ့စကားအသုံးအနှုန်းတွေ၊ ထိတ်လန့်စရာအကြောင်းအရာတွေနဲ့ ကိုယ့်ကိုယ်ကိုယ် သတ်သေမှုဆိုင်ရာ အကြောင်းအရာတွေ ပါဝင်ပါတယ်။ ဒီဇာတ်ကားကို အခြေခံပြီး ၂၀၂၂ ခုနှစ်မှာ စီးရီးအဖြစ်လည်း ပြန်လည်ဖန်တီးထားပါတယ်။
ဇာတ်လမ်းအကြောင်း