The Weekend Away
Beth ဟာ သူငယ်ချင်း Kate ရဲ့ ဖိတ်ခေါ်မှုနဲ့ ပိတ်ရက်အပန်းဖြေဖို့ ခရိုအေးရှားကို ရောက်လာပါတယ်။ Beth က ကလေးတစ်ယောက်အမေ အိမ်ထောင်ရှင်မဖြစ်ပြီး Kate ကတော့ ခင်ပွန်းနဲ့ ကွဲထားသူပါ။ သူငယ်ချင်းတွေဖြစ်ပေမယ့် တစ်ယောက်က အေးအေးဆေးဆေးနေတတ်ပြီး နောက်တစ်ယောက်က လူတွေနဲ့ ရောရောနှောနှော ပျော်ပျော်ပါးပါးနေတတ်လို့ စရိုက်ချင်းတော့ အတော်ကွာကြတယ်။ Kate က Beth ကို ပျော်စေချင်လို့ စားသောက်ဆိုင်မှာ ထမင်းလိုက်ကျွေးပြီး ကလပ်ကိုပါ ခေါ်သွားပါတယ်။ ကလပ်မှာ သောက်စားမူးပြီး နောက်မနက် တည်းခိုခန်းထဲ Beth ပြန်နိုးလာတဲ့အခါ Kate က မရှိတော့ဘူး။ စာမပို့၊ အကြောင်းမကြားဘဲ ပျောက်နေတဲ့ သူငယ်ချင်းကို Beth လိုက်ရှာရပါတော့တယ်။ Kate တကယ်ပဲ ပျောက်ဆုံးသွားတာလား၊ ဒါမှမဟုတ် အရင်ကလို Beth ကို ဘာမှမပြောဘဲ ထွက်သွားပြန်တာလား။
ဇာတ်လမ်းအကြောင်း