Trespass
ဒွန်နဲ့ ဗင့်စ်ဆိုတဲ့ မီးသတ်သမားနှစ်ယောက်ဟာ မီးလောင်နေတဲ့ တိုက်ခန်းတစ်ခုမှာ ကယ်ဆယ်ရေးလုပ်ရင်း သေခါနီးအဖိုးကြီးတစ်ယောက်ဆီက ရတနာမြေပုံတစ်ခု ရလာကြပါတယ်။ စုံစမ်းကြည့်တော့ အဲဒီအဖိုးကြီးဟာ လွန်ခဲ့တဲ့နှစ်ငါးဆယ်က ဘုရားကျောင်းတစ်ခုကို ဓားပြတိုက်ခဲ့သူဖြစ်ပြီး ဒေါ်လာသန်းချီတန်တဲ့ ရွှေထည်ပစ္စည်းတွေကို ဖွက်ထားခဲ့တာပါ။ ဒွန်နဲ့ ဗင့်စ်လည်း မြေပုံကို ယုံတစ်ဝက် မယုံတစ်ဝက်နဲ့ ရွှေတွေရှိတယ်ဆိုတဲ့ အဆောက်အဦးဟောင်းကြီးဆီ သွားကြတယ်။ သူတို့မသိတာက မူးယစ်ဆေးရောင်းတဲ့ လူမဲဂိုဏ်းတစ်ဂိုဏ်းဟာ ဂိုဏ်းထဲက သစ္စာဖောက်တစ်ယောက်ကို ရှင်းပစ်ဖို့ အဲဒီနေရာကိုပဲ ရွေးထားတာပါ။ ရွှေရှာဖို့လာတဲ့ မီးသတ်သမားနှစ်ယောက်က မမျှော်လင့်ဘဲ လူသတ်မှုရဲ့ မျက်မြင်သက်သေတွေ ဖြစ်သွားကြတယ်။ ဂိုဏ်းသားတွေကလည်း သူတို့ကို ဖော်ထုတ်နိုင်တဲ့ သက်သေနှစ်ယောက်ကို အပျောက်ရှင်းဖို့ ကြိုးစားလာတော့ ဒွန်နဲ့ ဗင့်စ်တို့ အဆောက်အဦးဟောင်းကြီးထဲမှာ အသက်ရှင်ဖို့ ရုန်းကန်ကြရပါတော့တယ်။
ဇာတ်လမ်းအကြောင်း