Riki Rhino
အင်ဒိုနီးရှားက သစ်တောတစ်ခုမှာ လူတွေဟာ တိရစ္ဆာန်တွေကို အမဲလိုက်တဲ့အပြင် သစ်တောကိုပါ မီးရှို့ဖျက်ဆီးကြပါတယ်။ ကြံ့ကလေးရီကီကတော့ အဲဒီဘေးကနေ ကံကောင်းစွာ အသက်ရှင်ကျန်ခဲ့တယ်။ နှစ်တွေကြာလာတဲ့အခါ ရီကီဟာ တစ်ကောင်တည်း နေထိုင်ရင်း တခြားတောရိုင်းတိရစ္ဆာန်တွေကို အားတက်သရော ကူညီပေးနေပါတယ်။ သူ့ခွန်အားနဲ့ ကူညီတတ်တဲ့စိတ်ကြောင့် တောတစ်ခွင်မှာလည်း လူသိများလာတယ်။ တစ်နေ့မှာတော့ မုဆိုးတစ်ယောက်က ရီကီကို ဖမ်းဖို့ ကြိုးစားလာပါတယ်။ ရီကီ ရုန်းကန်တိုက်ခိုက်ပြီး လွတ်လာပေမယ့် သူ့ကြံ့ချိုကတော့ မုဆိုးဆီမှာ ကျန်ခဲ့တယ်။ ချိုမရှိတော့လို့ ကိုယ့်ကိုယ်ကိုယ် စိတ်ပျက်အားငယ်နေတဲ့ ရီကီဟာ မိတ်ဆွေဘဲကလေး ဘန်နီနဲ့အတူ ချိုအသစ်ပြန်ပေါက်အောင် လုပ်ပေးနိုင်မယ့် မှော်ဆေးဆရာကို ရှာဖို့ ထွက်လာပါတယ်။ သစ်တောတစ်ခွင် လိုက်ရှာကြရင်း သူတို့ ဘယ်လိုအခက်အခဲတွေ ကြုံကြရမလဲ။
ဇာတ်လမ်းအကြောင်း