ဇာတ်ကားများ ရွေးရန်

Snake: Fall of a City

2020ဇာတ်ကား80 မိနစ်

ကားပြိုင်သမား လင်ချွမ်က သူ့ပြိုင်ဘက် လျန်ဇီကို တိတ်တခိုး သဘောကျနေသူပါ။ ပြိုင်ပွဲတစ်ခုမှာ လျန်ဇီနောက်ကို လိုက်ရင်း သဲကန္တာရထဲ ရောက်လာခဲ့တယ်။ ညနက်ပိုင်း သူတို့စခန်းချနားနေတဲ့နေရာကို သတ္တဝါကြီးတစ်ကောင် ဝင်တိုက်ခိုက်တဲ့အခါ လင်ချွမ်တို့အဖွဲ့ အသက်လုပြီး ထွက်ပြေးကြရပေမဲ့ လျန်ဇီကတော့ ဘယ်ရောက်သွားမှန်း မသိတော့ပါဘူး။ လျန်ဇီကို ရှာဖို့ ခရီးဆက်လာရင်း စွန့်ပစ်စက်ရုံတစ်ခုနားကို ရောက်လာကြတယ်။ အဲဒီနေရာမှာ ရှားပါးတွင်းထွက်ပစ္စည်းတွေ တူးယူချင်တဲ့ စီးပွားရေးသမား စုန်းကွမ်တို့အုပ်စုလည်း ရှိနေပါတယ်။ ညရောက်လာတော့ အုပ်စုနှစ်စုလုံး မြွေဆိုးကြီးတစ်ကောင်နဲ့ ရင်ဆိုင်ရပြီး စက်ရုံထဲမှာ ပိတ်မိသွားကြတယ်။ ဝေးလံခေါင်ဖျားတဲ့ လူသူမရှိရာအရပ်မှာ ရောက်နေကြတဲ့ သူတို့အတွက် မြွေဆိုးအန္တရာယ်ကနေ အသက်ရှင်လွတ်မြောက်ဖို့ ဘယ်လိုရင်ဆိုင်တိုက်ခိုက်ကြမလဲဆိုတာ ဆက်ကြည့်ရမှာပါ။

ဇာတ်လမ်းအကြောင်း