ဇာတ်ကားများ ရွေးရန်

Jana Gana Mana

2022ဇာတ်ကားအမှတ် 7.2/10162 မိနစ်

Central University မှာ ပါမောက္ခအဖြစ် စာသင်ပေးနေတဲ့ ဆရာမ Saba Mariyam ဟာ ညတစ်ည ကျောင်းကအပြန်မှာ အဓမ္မပြုကျင့်ခံရပြီး မီးရှို့သတ်ဖြတ်ခံလိုက်ရပါတယ်။ စာသင်ရတာကို နှစ်သက်ပြီး ကျောင်းသားတွေကလည်း ချစ်ခင်ကြတဲ့ ဆရာမအတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ် ပြုလုပ်ကြရာမှာ ပြောရေးဆိုခွင့်ရှိသူတစ်ယောက်ရဲ့ စကားအမှားကြောင့် ကျောင်းတွင်းဆန္ဒပြပွဲ စတင်ဖြစ်ပေါ်လာတယ်။ ရဲတွေက ကျောင်းထဲအထိ ဝင်ရောက်ရိုက်နှက်ထိန်းချုပ်တဲ့နောက် ဆန္ဒပြမှုဟာ တစ်နိုင်ငံလုံးက ကျောင်းသားတွေ ပါဝင်လာတဲ့ အရေးတော်ပုံအဖြစ် ကျယ်ပြန့်သွားပါတယ်။ ဒီအဖြစ်အပျက်တွေကို အစပြုစေခဲ့တဲ့ ဆရာမသတ်ခံရမှုနောက်ကွယ်မှာ နိုင်ငံရေးအကြောင်းတွေပါ ရှိနေနိုင်မလားဆိုတဲ့ မေးခွန်းလည်း ပေါ်လာတယ်။ ကျောင်းသားတွေနဲ့ ရဲတွေကြားက အဓိကရုဏ်း ဘယ်လောက်အထိ ပြင်းထန်လာမလဲ၊ ဆရာမကို သတ်ခဲ့တဲ့ တရားခံက ဘယ်သူလဲဆိုတာ ဆက်ဖော်ထုတ်သွားတဲ့ မလယာလမ်ဘာသာစကားပြော အိန္ဒိယဇာတ်ကားပါ။

ဇာတ်လမ်းအကြောင်း