Spiderhead
သေဒဏ်ချခံထားရတဲ့ အကျဉ်းသားတချို့ဟာ လွတ်ငြိမ်းချမ်းသာခွင့်ရဖို့ မျှော်လင့်ချက်နဲ့ စပိုက်ဒါဟက်ဆိုတဲ့ ဆေးဝါးထိန်းချုပ်ရေးအစီအစဉ်မှာ စေတနာ့ဝန်ထမ်းအဖြစ် ပါဝင်ကြပါတယ်။ ဒီအစီအစဉ်ကို ဦးဆောင်နေသူကတော့ Chris Hemsworth သရုပ်ဆောင်ထားတဲ့ စတိဗ် အက်ဘနက်စ်ကိပါ။ အကျဉ်းသားတွေရဲ့ စိတ်ခံစားချက်တွေကို ထိန်းချုပ်လေ့လာရင်း N-40 ဆိုတဲ့ ပီယဆေးဝါးအသစ်ကို တီထွင်နေကြတာ ဖြစ်ပါတယ်။ လွတ်ငြိမ်းချမ်းသာခွင့်အတွက် ပါဝင်လာကြပေမယ့် စပိုက်ဒါဟက်အကျဉ်းထောင်ရှိရာ ကျွန်းပေါ်မှာ သူတို့ မမျှော်လင့်ထားတဲ့ အဖြစ်အပျက်တွေ စောင့်နေပါတယ်။ Miles Teller လည်း ပါဝင်သရုပ်ဆောင်ထားတဲ့ Netflix ရဲ့ အက်ရှင်၊ မှုခင်းနဲ့ ဒရာမာဇာတ်ကားပါ။
ဇာတ်လမ်းအကြောင်း