The Mysterious Cloths
တစုန့်မင်းကြီးရဲ့ မွေးနေ့ပွဲအတွက် ရှီရှပြည်ထောင်က ထူးခြားတဲ့ လက်ဆောင်တစ်ခု ဆက်သဖို့ ယူလာပါတယ်။ အဲဒါကတော့ ပါးစပ်ရာဇဝင်ထဲမှာ မသေမျိုးနတ်မျိုးနွယ်တို့ရဲ့ ဝတ်ရုံလို့ ပြောစမှတ်ပြုကြတဲ့ မြဝတ်ရုံပါ။ တစုန့်ဘက်က လက်ဆောင်လက်ခံပေးသူ လျန်ဝမ်ရယ်ဟာ အဲဒီဝတ်ရုံကို စမ်းဝတ်ကြည့်ပြီးနောက် ညတွင်းချင်းမှာပဲ မျက်နှာပေါ် အပြုံးမပျက်ဘဲ အကြောင်းရင်းမသိ သေဆုံးသွားပါတယ်။ အလောင်းကို စစ်ဆေးကြည့်တော့ ရုန်းကန်ခုခံထားတဲ့ အရိပ်အယောင်လည်း မရှိဘူး၊ အဆိပ်မိတဲ့ လက္ခဏာလည်း မတွေ့ဘူး။ ကိုယ့်ကိုယ်ကိုယ် သတ်သေခဲ့တာလို့လည်း ယူဆလို့မရတဲ့အခါ လက်ဆောင်လာဆက်တဲ့ ရှီရှပြည်ထောင်က ချင်ယွမ်မင်းသားကို စစ်ဆေးဖို့ ဖမ်းဆီးလိုက်ကြပါတယ်။ နှစ်ပြည်ထောင် ချစ်ကြည်ရေးအတွက် ပေးတဲ့လက်ဆောင်ကနေ ဆက်ဆံရေးဆိုးရွားလာရတဲ့ အခြေအနေကို ရောက်သွားတာပါ။ ဒီအမှုကို စုံစမ်းဖို့ ပြည်သူတွေကြား သမာသမတ်ကျသူလို့ အသိအမှတ်ပြုခံထားရတဲ့ တရားသူကြီး စုန့်စီကို တာဝန်ပေးလိုက်ပါတယ်။ စုန့်စီက လျန်ဝမ်နဲ့ ရှီရှက လက်ဆောင်ဆက်သသူတွေ အပါအဝင် မွေးနေ့ပွဲတက်ဖို့ ရောက်လာကြသူတွေ တည်းခိုရာဆီ သွားရောက်စစ်ဆေးပါတော့တယ်။ လျန်ဝမ် ဘာကြောင့်သေဆုံးသွားတာလဲ၊ မြဝတ်ရုံရဲ့ ဇစ်မြစ်က ဘာလဲ၊ ဒီသေဆုံးမှုနဲ့ ရှီရှပြည်ထောင် တကယ်ပဲ ပတ်သက်နေသလားဆိုတာတွေကို စုန့်စီ ဖော်ထုတ်နိုင်ပါ့မလား။
ဇာတ်လမ်းအကြောင်း