12th Man
ကောလိပ်ကျောင်းသားဘဝကတည်းက ခင်မင်လာကြတဲ့ သူငယ်ချင်း ၁၁ ယောက်ဟာ ဘဝကိုယ်စီနဲ့ နေထိုင်နေကြပေမယ့် အဆက်အသွယ်မပြတ်ဘဲ စည်းစည်းလုံးလုံး ရှိနေကြပါတယ်။ တစ်နေ့တော့ အဖွဲ့ထဲက သူငယ်ချင်းတစ်ယောက်ရဲ့ လူပျိုပါတီအတွက် အပန်းဖြေခြံတစ်ခုမှာ ပြန်ဆုံကြတယ်။ အဲဒီမှာ ဆော့ကစားနေကြရင်း ချန်ဒရာဆီလ်ဆိုတဲ့ အရက်သမားတစ်ယောက်နဲ့ တွေ့ပြီး ကတောက်ကဆ ဖြစ်ခဲ့ကြပါတယ်။ ညဘက် ပါတီလုပ်ကြတဲ့အခါ လျှို့ဝှက်ချက်ဖော်တဲ့ဂိမ်းတစ်ခု ကစားဖို့ စိတ်ကူးရသွားကြတယ်။ ဒါပေမယ့် တစ်ယောက်ရဲ့လျှို့ဝှက်ချက်ကို တစ်ယောက် သိလာကြတဲ့နောက် ပျော်စရာကနေ ရန်ပွဲဖြစ်သွားပြီး ကိုယ့်အခန်းကိုယ် ပြန်သွားကြပါတယ်။ အဲဒီညမှာပဲ သူငယ်ချင်း ၁၁ ယောက်ထဲက မိန်းကလေးတစ်ယောက် အသတ်ခံလိုက်ရတယ်။ ကျန်သူတွေက ချန်ဒရာဆီလ်ကို လူသတ်သမားလို့ ယုံကြည်နေကြပေမယ့် ဒီအမှုမှာ မပေါ်သေးတဲ့အကြောင်းတွေ ရှိနေပါသေးတယ်။ ချန်ဒရာဆီလ်ရဲ့ နောက်ကြောင်းအမှန်က ဘာလဲ၊ လူသတ်သမားက သူငယ်ချင်းအဖွဲ့ထဲကပဲ ဖြစ်နေမလားဆိုတာ ဆက်စုံစမ်းရတော့မှာပါ။ မိုဟမ်လယ် အဓိကပါဝင်သရုပ်ဆောင်ထားတဲ့ မာလာယာလမ်းရုပ်ရှင် ဖြစ်ပါတယ်။
ဇာတ်လမ်းအကြောင်း