ဇာတ်ကားများ ရွေးရန်

Collision

2022ဇာတ်ကားအမှတ် 5.9/1099 မိနစ်

တောင်အာဖရိကနိုင်ငံ ဂျိုဟန်ဘတ်မြို့ကို အခြေခံထားတဲ့ ဒီဇာတ်လမ်းက ယာဉ်တိုက်မှုတစ်ခုနဲ့ စပါတယ်။ လူဖြူလူမည်း ခွဲခြားမှုတွေ ရှိနေဆဲဖြစ်သလို မြို့ခံတွေကြားမှာ နိုင်ဂျီးရီးယားနဲ့ ဇင်ဘာဘွေနိုင်ငံသားတွေအပေါ် မကျေနပ်မှုတွေလည်း ရှိနေတဲ့အချိန်ပါ။ အဲဒီမြို့မှာ ကုမ္ပဏီလုံခြုံရေးခေါင်းဆောင် ဂျိုဟန်က ဘဏ္ဍာစီမံမှူးရာထူး တိုးရဖို့ ကြိုးစားနေပါတယ်။ အိမ်မှာတော့ သူ့ဇနီးနဲ့ သမီးနစ်ကီတို့ အမေရိကန်သွားမယ့်ကိစ္စအတွက် စကားများနေကြတယ်။ နစ်ကီက ဒီခရီးကို စိတ်မဝင်စားဘဲ ကျောင်းလစ်ပြီး လူမည်းချစ်သူ ဆီဆဲလ်နဲ့ ကလပ်တက်ဖို့၊ မူးယစ်ဆေးသုံးဖို့ပဲ စိတ်ရောက်နေပါတယ်။ တစ်ဖက်မှာ ဘရာဆိုးဆိုတဲ့ လူဆိုးဂိုဏ်းခေါင်းဆောင်တစ်ယောက် ရှိတယ်။ ဂိုဏ်းခေါင်းဆောင်အဖြစ် နေထိုင်နေသူဖြစ်ပေမယ့် မိခင်အပေါ် ချစ်ခင်တဲ့သားတစ်ယောက်လည်း ဖြစ်ပါတယ်။ သူ့ရဲ့ကျောင်းဆောက်တဲ့စီမံကိန်းအတွက် ငွေငါးသန်း မရှာပေးနိုင်ရင် စီမံကိန်းကို ပိတ်ပစ်မယ်လို့ မြို့တော်ဝန်က ခြိမ်းခြောက်လာတဲ့အခါ ဘရာဆိုးက နစ်ကီကို ပြန်ပေးဆွဲပြီး ငွေငါးသန်း တောင်းပါတော့တယ်။ အဲဒီအချိန်မှာပဲ နိုင်ငံခြားသားတွေကို ဆန့်ကျင်တဲ့ အဓိကရုဏ်းတွေ ဖြစ်ပေါ်လာတယ်။ မြို့ထဲမှာ ရုန်းရင်းဆန်ခတ်ဖြစ်နေချိန် သမီးကို ပြန်ရဖို့ ဂျိုဟန်တို့ ဇနီးမောင်နှံ ဘယ်လိုကြိုးစားကြမလဲဆိုတာကို ဆက်ပြထားတဲ့ မှုခင်းဒရာမာကားပါ။

ဇာတ်လမ်းအကြောင်း