O2
ပါဗက်သီက ကျန်းမာရေးမကောင်းတဲ့ သားလေးဗီရာကို စောင့်ရှောက်နေရတဲ့ မုဆိုးမတစ်ယောက်ပါ။ ဗီရာဟာ ငယ်ငယ်ကတည်းက cystic fibrosis ရောဂါ ခံစားနေရပြီး သွားလေရာ အောက်စီဂျင်အိုး ယူသွားရတဲ့ကလေး ဖြစ်ပါတယ်။ သားကို ခွဲစိတ်ကုသပေးဖို့ ပါဗက်သီက ကုမ်ဘာတာကနေ ကိုချင်ကို ဘတ်စ်ကားနဲ့ ခေါ်သွားပါတယ်။ သူတို့စီးလာတဲ့ကားပေါ်မှာ အကျင့်ပျက်ရဲအရာရှိတစ်ယောက်၊ ခိုးရာလိုက်ဖို့ အခွင့်အရေးစောင့်နေတဲ့ စုံတွဲတစ်တွဲ၊ လွှတ်တော်အမတ်ဟောင်းတစ်ယောက်၊ ကားမောင်းသမားနဲ့ တခြားခရီးသည်တွေလည်း ပါလာကြတယ်။ လမ်းမှာ ယာဉ်တိုက်မှုကြီးတစ်ခု ဖြစ်ထားတာကြောင့် ကိုချင်ကို သွားနေကျလမ်း ပိတ်နေပါတယ်။ အချိန်မီရောက်ဖို့ ကားမောင်းသမားက တခြားလမ်းကို ရွေးလိုက်ပေမယ့် အဲဒီလမ်းမှာ မမျှော်လင့်တဲ့ ဘေးဆိုးနဲ့ ကြုံရတော့တယ်။ မြေပြိုမှုထဲ ပါသွားပြီး ဘတ်စ်ကားတစ်စီးလုံး သဲအောက်မှာ နစ်မြုပ်သွားတာပါ။ ပိတ်မိနေကြရတဲ့နောက် လူတွေရဲ့စိတ်ထဲက မကောင်းတဲ့ဘက်တွေပါ ပေါ်လာတဲ့အခါ ပါဗက်သီနဲ့ ဗီရာတို့ အချိန်မီ လွတ်မြောက်နိုင်ပါ့မလား၊ တခြားခရီးသည်တွေကရော ဘယ်လိုဖြစ်ကြမလဲဆိုတာ ရင်ဆိုင်ရတော့မှာ ဖြစ်ပါတယ်။ Nayanthara နဲ့ ကလေးသရုပ်ဆောင် Rithvik တို့ ပါဝင်ထားပြီး Disney+ Hotstar က ထုတ်လွှင့်တဲ့ တမီးလ်သည်းထိတ်ရင်ဖိုကားပါ။ မိခင်မေတ္တာနဲ့ အသက်ရှင်လွတ်မြောက်ရေးအကြောင်းကို တွဲဖော်ပြထားပြီး အစပိုင်းရိုက်ကွက်တွေကို နောက်ပိုင်းအဖြစ်အပျက်တွေနဲ့ ပြန်ချိတ်ဆက်ထားပါတယ်။
ဇာတ်လမ်းအကြောင်း