ဇာတ်ကားများ ရွေးရန်

American Pastoral

2016ဇာတ်ကားအမှတ် 6.1/10108 မိနစ်

အမေရိကန်နဲ့ ဗီယက်နမ်စစ်ပွဲကာလကို နောက်ခံထားတဲ့ ဇာတ်လမ်းပါ။ အထက်ကလူတွေက အောက်ခြေပြည်သူတွေရဲ့ဘဝကို လျစ်လျူရှုထားတဲ့အခါ ပြည်သူတွေဘက်က ပြန်လည်တွန်းကန်တော်လှန်ကြတဲ့ ခေတ်ရဲ့အငွေ့အသက်တွေ ပါဝင်ပါတယ်။ ဇာတ်လမ်းထဲမှာ ဆွိဒ်ဆိုတဲ့ ရုပ်ရည်ချောမောပြီး မိန်းကလေးတွေ သဘောကျကြတဲ့ အမျိုးသားတစ်ယောက်နဲ့ နယူးဂျာစီမယ်ဆု ရထားတဲ့ ဒေါင်းတို့ကို တွေ့ရမှာပါ။ သူတို့နှစ်ယောက်မှာ မယ်ရီဆိုတဲ့ သမီးလေးတစ်ယောက် ရှိပါတယ်။ ဒီမိသားစုရဲ့ဘဝ ဘယ်လိုအလှည့်အပြောင်းတွေ ကြုံလာမလဲ၊ ရှုပ်ထွေးမှုတွေကို ဘယ်လိုဖြေရှင်းကြမလဲဆိုတာ ဇာတ်လမ်းက ဆက်ပြသွားပါတယ်။ ဂျန်နီဖာကော်နယ်လီ၊ အီဝမ်မက်ဂရက်ဂေါနဲ့ ဒါကိုတာဖန်းနင်းတို့ ပါဝင်သရုပ်ဆောင်ထားပြီး Lionsgate က ထုတ်လုပ်ဖြန့်ဖြူးထားတဲ့ မှုခင်းဒရာမာကား ဖြစ်ပါတယ်။

ဇာတ်လမ်းအကြောင်း