ဇာတ်ကားများ ရွေးရန်

The Tale of Despereaux

2008ဇာတ်ကားအမှတ် 6.1/1093 မိနစ်

ဟိုးရှေးတုန်းက Dor ဆိုတဲ့ တိုင်းပြည်မှာ တစ်နှစ်တစ်ခါ ကျင်းပတဲ့ Soup Day စွပ်ပြုတ်ပွဲတော် ရှိပါတယ်။ အဲဒီနေ့ရောက်တိုင်း ဘုရင့်မိသားစုကအစ ပြည်သူတွေအဆုံး နန်းတော်စားဖိုမှူးကြီး အန်ဒရေးရဲ့ စွပ်ပြုတ်အသစ်ကို မျှော်နေကြတယ်။ စားဖိုမှူးကြီးကလည်း တစ်နှစ်နဲ့တစ်နှစ် မရိုးရအောင် စွပ်ပြုတ်အမျိုးမျိုး ချက်ပေးလေ့ရှိပါတယ်။ စွပ်ပြုတ်ကို စောင့်မျှော်နေသူတွေထဲမှာ လူတွေတင်မက တိရစ္ဆာန်တွေလည်း ပါကြပြီး ရော့စကူတိုဆိုတဲ့ မြေကြွက်တစ်ကောင်လည်း အပါအဝင်ပါ။ တစ်ရက်မှာတော့ စားဖိုမှူးကြီးရဲ့ စွပ်ပြုတ်ကို သိပ်စားချင်နေတဲ့ ရော့စကူတိုကြောင့် မတော်တဆမှုတစ်ခု ဖြစ်သွားတယ်။ အဲဒီကစတဲ့ ပြဿနာတွေကြောင့် တိုင်းပြည်တစ်ခုလုံး နေရောင်ပျောက်ပြီး အမှောင်ကျသွားတဲ့အခါ ဘယ်လိုသူရဲကောင်းတွေ ပေါ်လာကြမလဲ၊ ဒီအဖြစ်ကို တစ်ယောက်ချင်းစီက ဘယ်လိုတုံ့ပြန်ကြမလဲ။

ဇာတ်လမ်းအကြောင်း