The Quiet
မိဘနှစ်ပါးလုံး ဆုံးပါးသွားတဲ့ အထက်တန်းကျောင်းသူလေးတစ်ယောက်ကို လူချမ်းသာမိသားစုတစ်စုက မွေးစားလိုက်ပါတယ်။ နားမကြား၊ စကားမပြောနိုင်သူလို့ သိထားကြတဲ့ ဒီမိန်းကလေးနဲ့ သက်တူရွယ်တူ သမီးတစ်ယောက်လည်း အဲဒီအိမ်မှာ ရှိတယ်။ မိဘချင်းရင်းနှီးကြသလို သူတို့နှစ်ယောက်လည်း ငယ်ငယ်က သူငယ်ချင်းတွေ ဖြစ်ခဲ့ဖူးပေမယ့် အခုတော့ သိပ်အဆင်မပြေကြပါဘူး။ အပြင်ကကြည့်ရင် ချမ်းသာတဲ့အိမ်တစ်အိမ်ဖြစ်ပေမယ့် အိမ်ထဲမှာတော့ ဖုံးကွယ်ထားတဲ့ ပြဿနာတွေ ရှိနေတယ်။ အိမ်ရှင်ရဲ့သမီးနဲ့ ဖခင်ကြားမှာ မသင့်လျော်တဲ့ လိင်ပိုင်းဆိုင်ရာဆက်နွယ်မှုရှိပြီး သမီးကလည်း သူ့အပေါ် အခွင့်အရေးယူနေတဲ့ ဖခင်ကို မုန်းတီးနေပါတယ်။ မိခင်ကတော့ အလုပ်အကိုင်မအောင်မြင်တဲ့ အိမ်တွင်းအလှဆင်ပညာရှင်တစ်ယောက်ဖြစ်ပြီး အရက်နဲ့ဆေးစွဲနေသလို မိသားစုအတွင်းမှာလည်း အပယ်ခံဖြစ်နေတယ်။ သမီးနဲ့ခင်ပွန်းကြားက ကိစ္စကို သူသိထားသလားဆိုတာတော့ အတိအကျ မဖော်ပြထားပါဘူး။ လူတွေကြားမှာ သတိမထားမိခံရဘဲ နေချင်တဲ့ မွေးစားသမီးလေး ရောက်လာပြီးနောက် ဒီအိမ်ရဲ့လျှို့ဝှက်ချက်တွေ တဖြည်းဖြည်း ပေါ်လာကာ အဖြစ်ဆိုးတွေနဲ့ ရင်ဆိုင်လာရပါတယ်။ Elisha Cuthbert နဲ့ Camilla Belle တို့ ပါဝင်သရုပ်ဆောင်ထားပါတယ်။
ဇာတ်လမ်းအကြောင်း