ဇာတ်ကားများ ရွေးရန်

Blind War

2022ဇာတ်ကားအမှတ် 6.3/10103 မိနစ်

လူကုန်ကူးဂိုဏ်းခေါင်းဆောင်ကို တရားရုံးကနေ ဂိုဏ်းသားတွေ ဝင်ကယ်ထုတ်ရာက အပြင်းအထန်တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပါတယ်။ ရဲတွေနဲ့ ဂိုဏ်းသားတွေ အများအပြားသေဆုံးသွားသလို ရဲတပ်ဖွဲ့ဝင်ဒုံဂူလည်း မျက်စိအလင်း ဆုံးရှုံးသွားတယ်။ အထက်အမိန့်မရဘဲ လုပ်ဆောင်ခဲ့တာကြောင့် သူဟာ ရဲတပ်ဖွဲ့ကပါ အနားယူလိုက်ရပါတယ်။ အဲဒီဖြစ်ရပ်မှာ လူကုန်ကူးဂိုဏ်းသားဖြစ်တဲ့ ခင်ပွန်းကို ဆုံးရှုံးခဲ့ရတဲ့ စီနာကလည်း ဒုံဂူကို လက်စားချေချင်နေတယ်။ ဒုံဂူကတော့ ဆယ်ကျော်သက်သမီးလေးနဲ့အတူ နေထိုင်ရင်း ဘဝကို ဆက်ဖြတ်သန်းနေခဲ့ပါတယ်။ တစ်နေ့မှာ သမီးဝင်ပြိုင်မယ့် ပြိုင်ပွဲအတွက် နိုင်ငံခြားကို သားအဖနှစ်ယောက် ခရီးထွက်ခဲ့ကြတယ်။ သူတို့သွားတဲ့မြို့က စီနာထောင်ကျနေတဲ့မြို့လည်း ဖြစ်နေပါတယ်။ အဲဒီမှာ သမီးကို လူကုန်ကူးဂိုဏ်းက ဖမ်းခေါ်သွားတဲ့အခါ မျက်စိမမြင်တော့တဲ့ ဒုံဂူဟာ သမီးကို ပြန်ကယ်ဖို့ လိုက်ရပါတော့တယ်။ ဒီတရုတ်အက်ရှင်ဇာတ်ကားမှာ လူမှုကွန်ရက်ပေါ်က ဟာသဇာတ်လမ်းတိုတွေနဲ့ လူသိများတဲ့ Dao Dao လည်း ဇာတ်ပို့အဖြစ် ပါဝင်ထားပါတယ်။

ဇာတ်လမ်းအကြောင်း