ဇာတ်ကားများ ရွေးရန်

The Legendary Tazza's Tap

2022ဇာတ်ကားအမှတ် 4.0/1096 မိနစ်

အွန်လိုင်းဂိမ်းတွေကနေပဲ လောင်းကစားလုပ်လေ့ရှိတဲ့ အီထက်ဒုံးဟာ ညီအစ်ကိုလို ခင်မင်ရတဲ့ ဂယောင်းဂျို လောင်းကစားရှုံးထားတဲ့ ပိုက်ဆံတွေကို လိုက်ပေးဖို့ ကိုယ်တိုင်ဝင်ပါလာပါတယ်။ အဲဒီတော့မှ တကယ့်ဖဲလောကထဲက လှည့်ဖြားမှုတွေကို သူ သိလာရတော့တယ်။ ဆုံးရှုံးသွားတဲ့ ပိုက်ဆံတွေ ပြန်ရဖို့ အီထက်ဒုံး ဘယ်လိုလိုက်ကြိုးစားမလဲ၊ အချီကြီးတွေမှာ ဘာတွေ ရင်းရမလဲ၊ ဘယ်လို အကွက်ဆင်မလဲဆိုတာ ဆက်တွေ့ရမှာပါ။ ဒီဇာတ်ကားမှာတော့ ဖဲသမားတွေရဲ့ အကွက်နဲ့ ဉာဏ်ချင်းပြိုင်ပုံတွေကို “ဘာဒုဂီ” လို့ခေါ်တဲ့ ပိုကာဂိမ်းကို အဓိကထားပြီး ပြထားပါတယ်။ အိုဂျီဟို ပါဝင်သရုပ်ဆောင်ထားတဲ့ ၂၀၂၂ ခုနှစ်ထွက် မှုခင်းအက်ရှင်ဇာတ်ကားပါ။

ဇာတ်လမ်းအကြောင်း