Once Upon a Time in the West
Once Upon a Time in the West ဟာ ပဟေဠိဆန်တဲ့ ကောင်းဘွိုင်သေနတ်သမားတစ်ယောက်ကို အဓိကထားပြီး Sergio Leone ရိုက်ကူးထားတဲ့ Western ဇာတ်ကားပါ။ Henry Fonda၊ Charles Bronson နဲ့ Claudia Cardinale တို့ ပါဝင်သရုပ်ဆောင်ထားပြီး Henry Fonda ကိုတော့ ဗီလိန်နေရာမှာ တွေ့ရမှာဖြစ်ပါတယ်။ Leone ရဲ့ ရိုက်ကူးဟန်မှာ အနီးကပ်ရိုက်ချက်တွေနဲ့ အချိန်ကြာကြာ ဆက်တိုက်ရိုက်ထားတဲ့ အခန်းတွေကို အသုံးများပါတယ်။ သေနတ်မပစ်ခင် အချိန်ယူပြီး ဇာတ်ကောင်တစ်ယောက်ချင်းစီရဲ့ အနေအထားကို ပြတယ်။ ချွေးစိုနေတဲ့မျက်နှာတွေ၊ မမှိတ်မသုန် စိုက်ကြည့်နေတဲ့ မျက်လုံးတွေကို အနီးကပ်ပြရင်း ဘာဆက်ဖြစ်လာမလဲဆိုတဲ့ ခံစားချက်ကို တည်ဆောက်ထားတာပါ။ ဒီကားမှာလည်း အဲဒီလို အသေးစိတ်ပုံဖော်တဲ့ ရိုက်ကူးဟန်ကို တွေ့ရပါတယ်။ Leone ရဲ့လက်ရာတွေထဲမှာ Dollars Trilogy နဲ့ Once Upon a Time in America တို့လည်း ပါဝင်ပါတယ်။ Once Upon a Time in America၊ Once Upon a Time in the West နဲ့ Duck, You Sucker! တို့ကို Once Upon a Time Trilogy လို့ စုစည်းခေါ်ဝေါ်ကြပါတယ်။ အဲဒီသုံးကားနဲ့ Dollars သုံးကားထဲမှာ Once Upon a Time in America ကလွဲရင် ကျန်ငါးကားဟာ Spaghetti Western တွေပါ။ အကြမ်းဖျင်းပြောရရင် အီတလီရုပ်ရှင်သမားတွေ ရိုက်ကူးတဲ့ Western ကားတွေကို ဝေဖန်ရေးသမားတွေက အဲဒီလို နာမည်ပေးထားကြတာဖြစ်ပါတယ်။ ရုပ်ရှင်ထဲက Once Upon a Time in the West အမည်ရ တေးသွားကိုတော့ Ennio Morricone က ရေးစပ်ထားပါတယ်။
ဇာတ်လမ်းအကြောင်း