ဇာတ်ကားများ ရွေးရန်

The Girl on the Mountain

2022ဇာတ်ကားအမှတ် 6.0/1094 မိနစ်

မတော်တဆမှုတစ်ခုကြောင့် ဇနီးနဲ့ သမီးကို ဆုံးရှုံးလိုက်ရတဲ့ ဂျက်ဟာ ဂီတအနုပညာရှင်ဘဝကို စွန့်လွှတ်ပြီး တောင်ပေါ်မှာ တစ်ယောက်တည်း နေလာခဲ့တာ ကြာပါပြီ။ တစ်နေ့မှာတော့ သူ့သမီးအရွယ် စကားမပြောတတ်တဲ့ ကောင်မလေးတစ်ယောက် သူ့ဆီ မထင်မှတ်ဘဲ ရောက်လာပါတယ်။ ဂျက်က ကလေးမကို ပြန်မလွှတ်ရက်လို့ စောင့်ရှောက်ထားရင်း သမီးတစ်ယောက် ပြန်ရလိုက်သလို သံယောဇဉ်တွယ်လာတယ်။ ဒါပေမယ့် ကောင်မလေးဟာ ပထွေးရဲ့ရန်ကို ကြောက်လို့ အိမ်ကနေ ထွက်ပြေးလာသူဖြစ်နေပါတယ်။ သူ့အတိတ်က ပြဿနာတွေ ဂျက်ဆီအထိ လိုက်ရောက်လာတဲ့အခါ ဂျက်တစ်ယောက် ဒီကလေးကို အန္တရာယ်တွေကနေ ဘယ်လိုကာကွယ်ပေးမလဲဆိုတာ ဆက်တွေ့ရမှာပါ။

ဇာတ်လမ်းအကြောင်း