ဇာတ်ကားများ ရွေးရန်

Gold

2022ဇာတ်ကားအမှတ် 6.2/1097 မိနစ်

ဇက် အက်ဖရွန် သရုပ်ဆောင်ထားတဲ့ ဇာတ်ကောင်က ဘဝအခြေအနေ စုတ်ပြတ်နေပြီး သေမထူးနေမထူး ဖြစ်နေသူတစ်ယောက်ပါ။ ဆိုးရွားတဲ့နေရာတစ်ခုကနေ ထွက်လာပြီး လူသူဝေးတဲ့ မှော်တစ်ခုမှာ အလုပ်လုပ်ဖို့ ခရီးထွက်လာတယ်။ ကားနဲ့ လိုက်ပို့ပေးတဲ့လူတစ်ယောက်နဲ့အတူ ကန္တာရကို ဖြတ်လာတုန်း အလုပ်လုပ်မယ့်နေရာ မရောက်ခင်မှာပဲ ရွှေကြောကြီးနဲ့ ရွှေတုံးတွေကို တွေ့သွားကြပါတယ်။ ရွှေတုံးတွေက လူနှစ်ယောက်အားနဲ့ မသယ်နိုင်လောက်အောင် ကြီးနေတာကြောင့် ကားသမားက ကရိန်းသွားငှားဖို့ ထွက်သွားတယ်။ သူကတော့ ကန္တာရထဲမှာ တစ်ယောက်တည်း ကျန်ခဲ့ပြီး ရွှေတွေကို စောင့်နေရပါတယ်။ အဲဒီလို စောင့်နေရင်း လူတွေ၊ ခွေးတွေ၊ မြွေတွေနဲ့ ဒုက္ခမျိုးစုံကို ရင်ဆိုင်လာရတယ်။

ဇာတ်လမ်းအကြောင်း