Last Film Show
ဖလင်နဲ့ ရုပ်ရှင်ပြသတဲ့ခေတ်က အိန္ဒိယမှာ ရုပ်ရှင်ကြည့်ဖို့တောင် အခက်အခဲတွေ ကျော်ဖြတ်နေရတဲ့ ကောင်လေးတစ်ယောက် ရှိပါတယ်။ သူ့နာမည်က အာမေး။ ရုပ်ရှင်ကို ချစ်လွန်းလို့ ကြည့်ခွင့်ရဖို့ ထမင်းအငတ်ခံခဲ့တဲ့ သူ့အကြောင်းကို Last Film Show မှာ ပြထားတာပါ။ ရုပ်ရှင်ပြပေးတဲ့ ဖလင်ထိုးသမားတစ်ယောက်လည်း ပါဝင်ပြီး ရုပ်ရှင်အပေါ် အဲဒီလူရဲ့ အမြင်တွေကို ကြားရပါတယ်။ အာမေးရဲ့အမေ အိန္ဒိယဟင်းလျာတွေ ချက်ပြတဲ့ အခန်းတွေကိုလည်း ဇာတ်လမ်းတစ်လျှောက် ကြားဖြတ်ထည့်ထားတယ်။ Samsara ကို ရိုက်ကူးခဲ့တဲ့ Pan Nalin ရဲ့ ဒီဇာတ်ကားမှာ ရုပ်ရှင်လောကက ပုဂ္ဂိုလ်များစွာကို ဂုဏ်ပြုထားပါတယ်။ ဆတ္တရာဂျစ်ရေး၊ တာကော့စကီး၊ စတန်လေကူးဘရစ်၊ အင်ဂမာဘာ့ချ်မန်း၊ ကင်းဟူ၊ ကူရိုဆာဝါနဲ့ ဂိုးဒတ်တို့ ပါဝင်သလို အိန္ဒိယရုပ်ရှင်လောကက Manmohan Desai၊ အမီတာဘချမ်းနဲ့ ခန်သုံးခန်တို့ကိုလည်း ရှေ့ပိုင်းမှာ ဦးစားပေး ဖော်ပြထားတယ်။ ဇာတ်ကားထဲမှာ ပြသတဲ့ ရုပ်ရှင်တွေထဲ သူတို့ရဲ့ကားတွေလည်း ပါပါတယ်။ ရုပ်ရှင်ကိုချစ်တဲ့အကြောင်း ရိုက်ထားတာကြောင့် Hugo၊ Cinema Paradiso နဲ့ The Fabelmans တို့ကို သတိရစေနိုင်တဲ့ ဇာတ်ကားမျိုးပါ။ မူရင်းသုံးသပ်ချက်မှာတော့ Cinema Paradiso နဲ့ ဆက်စပ်ပြောဆိုကြတာကို ဖော်ပြထားပေမယ့် ဆတ္တရာဂျစ်ရေးရဲ့ အပုဇာတ်ကားတွေရဲ့ အငွေ့အသက်ကို ပိုခံစားရတယ်လို့ ဆိုထားပါတယ်။ သရုပ်ဆောင်ရွေးချယ်မှု၊ ဇာတ်လမ်းကို ရှေ့ဆက်စေတဲ့ အကြောင်းအရာတွေ၊ ဖွဲ့စည်းပုံနဲ့ ဇာတ်သိမ်းပုံအထိ အဲဒီအငွေ့အသက်ကို တွေ့ရတယ်ဆိုတဲ့ အမြင်ဖြစ်ပြီး ဇာတ်လမ်းချင်း တူတယ်လို့ ဆိုထားတာတော့ မဟုတ်ပါဘူး။ ရုပ်ရှင်ကြည့်ဖို့ ခက်ခဲတာဟာ ဖလင်ခေတ်မှာပဲ ရှိခဲ့တဲ့ကိစ္စမဟုတ်ဘဲ အင်တာနက်အသုံးပြုမှု ကျယ်ပြန့်လာတဲ့ခေတ်မှာလည်း လိုင်းကန့်သတ်ခံရတဲ့ နေရာတွေမှာ ဆက်ရှိနေတတ်ပါတယ်။ အာမေးရဲ့ ရုပ်ရှင်ကြည့်ချင်စိတ်နဲ့ သူရင်ဆိုင်ရတဲ့ အခက်အခဲတွေက ကိုယ်ကြည့်ချင်တဲ့ ရုပ်ရှင်တစ်ကားအတွက် အပင်ပန်းခံခဲ့ဖူးတဲ့ အတွေ့အကြုံတွေကို ပြန်သတိရစေနိုင်ပါတယ်။
ဇာတ်လမ်းအကြောင်း