No Retreat, No Surrender
Jason Stillwell က Bruce Lee ကို အရမ်းအားကျတဲ့ ကောင်လေးတစ်ယောက်ပါ။ သူတို့သားအဖက LA မှာ ကရာတေးသင်တန်းဖွင့်ထားကြပေမယ့် တစ်နေ့မှာ လူဆိုးအဖွဲ့တစ်ဖွဲ့က သင်တန်းကျောင်းကို လာသိမ်းသွားတာကြောင့် Seattle ဘက်ကို ရှောင်ပြောင်းလာကြရပါတယ်။ Seattle ရောက်တော့ Jason က ကရာတေးသင်တန်းကျောင်းတစ်ခုမှာ ဝင်တက်တယ်။ အဲဒီမှာလည်း အနိုင်ကျင့်တတ်တဲ့ သင်တန်းသားတချို့နဲ့ တွေ့ရပြန်တာကြောင့် ပိုသန်မာလာအောင် အပြင်းအထန်လေ့ကျင့်လာပါတယ်။ သူတို့ရဲ့သင်တန်းကျောင်းကို သိမ်းသွားခဲ့တဲ့ လူဆိုးဂိုဏ်းနဲ့ ပြန်ရင်ဆိုင်ရတဲ့အခါ Jason ဘယ်လိုတုံ့ပြန်မလဲဆိုတာ ဆက်ကြည့်ရမှာပါ။ Jean-Claude Van Damme ပါဝင်ထားတဲ့ ဒီကရာတေးကားက ၁၉၈၄ ခုနှစ်က The Karate Kid လို ခေတ်ဟောင်းသိုင်းကားမျိုးဖြစ်ပြီး တိုက်ခိုက်ခန်းတွေကို အဓိကထား တင်ဆက်ထားပါတယ်။
ဇာတ်လမ်းအကြောင်း