Coyote
လူတွေက teleportation နည်းပညာနဲ့ တစ်နေရာကနေ တစ်နေရာကို ကူးပြောင်းခရီးသွားနေကြတဲ့ စိတ်ကူးယဉ်အနာဂတ်ကာလမှာ ဒုက္ခသည်တွေလည်း အဲဒီနည်းပညာကိုသုံးပြီး ယူကေ၊ ယူအက်စ်လို နိုင်ငံတွေထဲ တရားမဝင် ဝင်ရောက်နေကြပါတယ်။ ယူကေကို ဇာတ်အိမ်တည်ထားတဲ့ ဒီသိပ္ပံစိတ်ကူးယဉ်သည်းထိတ်ရင်ဖိုကားထဲက အန်ယာနဲ့ အက်ကတရီနာတို့လည်း ကိုယ့်နိုင်ငံကနေ ယူကေကို ထွက်ပြေးဖို့ ကြိုးစားနေသူတွေပါ။ တစ်ညမှာ အန်ယာရဲ့အဖေက သူတို့နေတဲ့အိမ်ကို ရောက်လာပြီး အန်ယာကို ပြန်ခေါ်ဖို့ ကြိုးစားရင်း အသတ်ခံလိုက်ရတယ်။ အဲဒီနောက် သူတို့နှစ်ယောက်ဟာ teleportation နည်းပညာနဲ့ ယူကေကိုပို့ပေးတဲ့ ပွဲစားဆီ ချက်ချင်းသွားပြီး အကူအညီတောင်းကြရပါတယ်။ ပွဲစားဆီရောက်သွားရာက ဘာတွေကြုံရမလဲ၊ သူတို့နှစ်ယောက် ယူကေမှာ ဘေးကင်းကင်း နေနိုင်ကြပါ့မလား။
ဇာတ်လမ်းအကြောင်း