Aaja Mexico Challiye
ပန်မန်က အင်ဂျင်နီယာဘွဲ့ရထားတဲ့ တက်ကြွတဲ့ ပန်ချာပီလူငယ်တစ်ယောက်ပါ။ အမေရိကန်မှာ အလုပ်လုပ်ပြီး ဝင်ငွေရှာချင်နေတယ်။ နိုင်ငံခြားပို့ပေးတဲ့ အေဂျင်စီတွေ များနေတဲ့အချိန်မှာ သူလည်း အေဂျင်စီတစ်ခုနဲ့ ချိတ်ဆက်ခဲ့ပါတယ်။ တောင်းတဲ့ဈေးက မတန်တဆများပေမယ့် ပန်မန်ရဲ့ဆန္ဒကို ဖြည့်ပေးဖို့ တစ်အိမ်လုံးက အနစ်နာခံပြီး ပို့ပေးလိုက်ကြတယ်။ ခရီးတစ်လျှောက် စိတ်အားတက်ကြွလာခဲ့တဲ့ ပန်မန်ဟာ လေဆိပ်က ဆင်းလိုက်ချိန်မှာတော့ အလွဲတွေ စကြုံရပါတော့တယ်။ အေးဂျင့်ကလည်း ဖုန်းမကိုင်တော့ဘူး။ အဲဒီမှာ သူ့လိုပဲ အမေရိကန်သွားချင်လို့ အလိမ်ခံခဲ့ရသူတွေနဲ့ ဆုံလာပြီး ဒုက္ခတွေကို အတူကြုံကြရပါတယ်။ အေးဂျင့်ကြောင့် အမေရိကန်ကို မရောက်ဘဲ မက္ကဆီကိုက တောကြီးထဲ ရောက်သွားကြတဲ့အခါ သူတို့စိတ်ကူးထားတဲ့ ခရီးနဲ့ လုံးဝကွာသွားခဲ့ပြီ။ စိတ်တောင်မကူးဖူးတဲ့ အဲဒီတောထဲမှာ ပန်မန်တို့ ဘယ်လိုရင်ဆိုင်ဖြတ်သန်းကြမလဲ၊ အမေရိကန်ကိုရောက်ဖို့ မျှော်လင့်ချက်ကရော ရှိနိုင်ဦးမလားဆိုတာ ဆက်ကြည့်ရမှာပါ။ ပန်မန်အဖြစ် Amy Virk က သရုပ်ဆောင်ထားပြီး Saunkan Saunkne ထဲက ဟာသဇာတ်ရုပ်နဲ့ မတူတဲ့ အခက်အခဲကြားက လူငယ်တစ်ယောက်အဖြစ် တွေ့ရပါတယ်။
ဇာတ်လမ်းအကြောင်း