ဇာတ်ကားများ ရွေးရန်

Hello, Beijing

2022ဇာတ်ကား105 မိနစ်

ပေကျင်းမှာ ကိုယ့်အိပ်မက်ကိုယ် အကောင်အထည်ဖော်ဖို့ ကြိုးစားနေကြတဲ့ အသက်အရွယ်မတူသူ သုံးယောက်အကြောင်းပါ။ ကုမ္ပဏီသူဌေး လီမင်ချီက ပရောဂျက်အောင်မြင်ခါနီးမှ ရင်းနှီးမြှုပ်နှံသူတွေ နုတ်ထွက်သွားလို့ အကြွေးဝိုင်းပြီး ကူရာမဲ့နေတယ်။ လူငယ်လေး ယန်နမ်ကတော့ အဆိုတော်ဖြစ်ချင်တဲ့ဆန္ဒနဲ့ မိသားစုက သဘောမတူတဲ့ကြားက အိမ်ပေါ်ကဆင်းပြီး ပေကျင်းကို ရောက်လာသူပါ။ အမြန်ချောပို့သမား လျိုရွှင့်ရဲ့ ဆန္ဒက ချစ်သူနဲ့ လက်ထပ်ပြီး အတူနေဖို့ အိမ်လေးတစ်လုံး ဝယ်နိုင်ဖို့ပါ။ ရိုးရိုးသားသား ကြိုးကြိုးစားစားလုပ်နေပေမယ့် သူလည်း အကျပ်အတည်းနဲ့ ရင်ဆိုင်နေရပါတယ်။ အခက်အခဲတစ်မျိုးစီရှိနေတဲ့ ဒီလူသုံးယောက် ပေကျင်းမှာ ဘယ်လိုဆက်ရှင်သန်ကြမလဲ၊ ကိုယ်ရည်ရွယ်ထားတာတွေကို အကောင်အထည်ဖော်နိုင်မလားဆိုတာကို သူတို့ကြုံရတဲ့ စိန်ခေါ်မှုတွေနဲ့အတူ လိုက်ပြထားပါတယ်။

ဇာတ်လမ်းအကြောင်း