Tayuan
အယ်လာဟာ ငယ်ရွယ်ထက်မြက်တဲ့ ကိုယ်ပိုင်လုပ်ငန်းရှင်တစ်ယောက်ဖြစ်ပြီး ယောက်ျားတွေနဲ့ ဆက်ဆံရေးကို အပျင်းပြေသဘောပဲ ထားတတ်ပါတယ်။ လူတစ်ယောက်ကို နှစ်ခါပြန်မတွေ့ဘူး၊ ကိုယ့်အကြောင်းကို မပြောပြဘူးဆိုတာမျိုး စည်းမျဉ်းတွေလည်း ချထားတယ်။ ငယ်ငယ်က အချစ်ဦးနဲ့ ခါးသီးတဲ့အတွေ့အကြုံရှိခဲ့သလို နောက်ပိုင်းတွေ့လာရတဲ့ ယောက်ျားတွေကလည်း သူ့စံနှုန်းတွေနဲ့ မကိုက်ခဲ့ကြပါဘူး။ ကိုယ့်ဆန္ဒကို ဖြည့်ဆည်းမပေးနိုင်တဲ့သူတွေနဲ့ပဲ ထပ်တလဲလဲကြုံနေရတော့ အယ်လာက ပုံမှန်လုပ်နေကျတွေကနေ ခွဲထွက်ပြီး စွန့်စားကြည့်ဖို့ ဆုံးဖြတ်လိုက်တယ်။ သူ့ကားမအားလို့ ဘတ်စ်ကားနဲ့ အလုပ်သွားဖြစ်တဲ့နေ့မှာ အဲဒီလမ်းကြောင်းက စပယ်ယာ ရီကိုနဲ့ တွေ့ခဲ့ပါတယ်။ စံနှုန်းတွေ၊ စည်းမျဉ်းတွေများတဲ့ အယ်လာက ရီကိုကိုတော့ အလွန်စွဲလန်းသွားတယ်။ အစက နှစ်ယောက်လုံး သွေးသားဆန္ဒအတွက်သာ ရည်ရွယ်ခဲ့ပေမယ့် တဖြည်းဖြည်း သံယောဇဉ်တွယ်လာပြီး ခံစားချက်တွေပါ ပိုလာကြပါတယ်။ အယ်လာအဖြစ် Angeli Khang ပါဝင်ထားပြီး အရွယ်ရောက်သူများအတွက် အခန်းတွေ များစွာပါဝင်တဲ့ ဇာတ်ကားပါ။
ဇာတ်လမ်းအကြောင်း