ဇာတ်ကားများ ရွေးရန်

Wu Song's Bloody Battle With Lion House

2021ဇာတ်ကား93 မိနစ်

ကျားတစ်ကောင်ကို သတ်ခဲ့တဲ့ သိုင်းသမားဝူစုန့်ဟာ ပြန်လာတဲ့လမ်းမှာ တခြားအရပ်ကို ပြောင်းနေပြီလို့ ထင်ထားတဲ့ အစ်ကိုအရင်း ဝူတာ့လန်နဲ့ ပြန်တွေ့ပါတယ်။ အစ်ကို့မှာ ဖန်ကျင်းလျန်ဆိုတဲ့ ငယ်ရွယ်ချောမောတဲ့ ဇနီးတစ်ယောက်လည်း ရှိနေပြီ။ ဝူစုန့်က ရိုးအတဲ့အစ်ကိုရဲ့ဇနီးကို မရီးတစ်ယောက်အနေနဲ့ ရင်းရင်းနှီးနှီး ဆက်ဆံခဲ့ပေမယ့် ဖန်ကျင်းလျန်ကတော့ သူ့ကို သွေးဆောင်ဖို့ ကြိုးစားလာတယ်။ ကိုယ်ကျင့်တရားကို စောင့်ထိန်းတဲ့ ဝူစုန့်က သူ့အလိုကို မလိုက်ခဲ့ပါဘူး။ မြို့မှာ အလှနာမည်ကြီးနေတဲ့ ဖန်ကျင်းလျန်ကို စွဲလမ်းနေသူက ရှီမန်းချင်ပါ။ သူက ဖန်ကျင်းလျန်ကို ရဖို့ အဘွားနန်ကို လာဘ်ထိုးပြီး ကြိုးစားလာရာက အရှုပ်အထွေးတွေ ဖြစ်လာတော့တယ်။ ရှီမန်းချင် ဝင်ပါလာမှုက ဝူတာ့လန်တို့အိမ်ထောင်ရေးကို ဘယ်လိုသက်ရောက်မလဲ၊ နောက်ထပ် ဘာတွေဖြစ်လာမလဲ။ ဝူစုန့်ကရော အစ်ကို့စကားကို ဘာကြောင့် ပယ်ရှားရတာလဲ။

ဇာတ်လမ်းအကြောင်း