Blue Miracle
Bisbee's Black & Blue က ပင်လယ်ထွက်ပြီး မာလင်ငါးပြာတွေကို အဖွဲ့လိုက်ဖမ်းကာ ဒေါ်လာတစ်သန်းဆုကြေးအတွက် ယှဉ်ပြိုင်ရတဲ့ ငါးဖမ်းပြိုင်ပွဲကြီးပါ။ ဒီပြိုင်ပွဲမှာ ချန်ပီယံနှစ်ကြိမ်ဖြစ်ဖူးတဲ့ ကပ္ပတိန်ဝိတ်မာလိုက နောက်တစ်ကြိမ် အနိုင်ရဖို့ စိတ်အားထက်သန်နေတယ်။ အရင်ကအောင်မြင်ခဲ့ပေမယ့် နောက်ပိုင်းမှာ အရှုံးတွေဆက်တိုက်ကြုံခဲ့ရပြီး မိသားစုကလည်း စွန့်ခွာသွားတာကြောင့် လှေပေါ်မှာပဲ နေထိုင်နေရတဲ့ ခပ်ဂွဂွအဘိုးကြီးပါ။ လာမယ့်ပြိုင်ပွဲမှာ ချန်ပီယံပြန်ဖြစ်ပြီး မိသားစုဆီ ပြန်သွားဖို့ ရည်ရွယ်ထားပါတယ်။ တစ်ဖက်မှာတော့ ကာဆိုဟိုဂါမိဘမဲ့ဂေဟာက အိုမာတို့ဇနီးမောင်နှံဟာ ဘဏ်ကြွေး ဒေါ်လာတစ်သိန်းကျော် တင်နေကြတယ်။ ဂေဟာပိတ်ရပြီး ကလေးတွေအားလုံး လမ်းပေါ်ရောက်သွားနိုင်တဲ့အထိ အခြေအနေဆိုးနေပါပြီ။ ပြိုင်ပွဲအကြောင်း ကြားထားတဲ့ အိုမာနဲ့ ကပ္ပတိန်ဝိတ်တို့ တိုက်တိုက်ဆိုင်ဆိုင် ဆုံမိကြပြီး အသင်းတစ်သင်းဖွဲ့ကာ ကိုယ့်ရည်မှန်းချက်နဲ့ကိုယ် ချန်ပီယံဆုအတွက် ဝင်ပြိုင်ကြပါတယ်။ ၂၀၁၄ ခုနှစ် ငါးဖမ်းပြိုင်ပွဲမှာ ပါဝင်ခဲ့တဲ့ မက္ကဆီကိုနိုင်ငံက ကာဆိုဟိုဂါမိဘမဲ့အသင်းရဲ့ ဖြစ်ရပ်မှန်ကို အခြေခံထားပြီး Dennis Quaid နဲ့ Jimmy Gonzale တို့ အဓိကသရုပ်ဆောင်ထားပါတယ်။
ဇာတ်လမ်းအကြောင်း