ဇာတ်ကားများ ရွေးရန်

The Conference

2022ဇာတ်ကားအမှတ် 6.5/10107 မိနစ်

ဂျူးလူမျိုးတွေကို လူမျိုးတုံးသတ်ဖြတ်ခဲ့တဲ့ Holocaust နဲ့ ဆက်နွယ်နေတဲ့ Wannsee အစည်းအဝေးအကြောင်းကို မှတ်တမ်းဒရာမာပုံစံနဲ့ ရိုက်ကူးထားတဲ့ ရုပ်ရှင်ပါ။ နာဇီတွေရဲ့ ‘Final Solution’ လို့ခေါ်တဲ့ စီမံကိန်းကို အကောင်အထည်ဖော်ဖို့ ဆွေးနွေးကြပုံကို အစည်းအဝေးဘေးမှာ ထိုင်ကြည့်နေရသလို တင်ဆက်ထားပါတယ်။ ဘာလင်မြို့ပြင်က Wannsee ဆိုတဲ့အရပ်မှာ ကျင်းပတဲ့ အစည်းအဝေးကို နာဇီဂျာမနီအစိုးရ ထိပ်တန်းအရာရှိတွေနဲ့ SS ခေါင်းဆောင်တွေ တက်ရောက်ကြတယ်။ အဲဒီထဲမှာ ထိပ်တန်းဂျာမန်တက္ကသိုလ်တွေမှာ ပညာသင်ခဲ့တဲ့ ပညာရှင်တွေနဲ့ ခေါင်းဆောင်တွေလည်း ပါဝင်ပါတယ်။ သူတို့ဆွေးနွေးနေတာက လူမျိုးတုံးသတ်ဖြတ်ရေးစီမံကိန်းအတွက် လိုအပ်တဲ့ လုပ်ငန်းစဉ်တွေနဲ့ အသေးစိတ်အချက်အလက်တွေပါ။ အစည်းအဝေးအစကနေ အဆုံးအထိကို အခြေခံထားလို့ ဇာတ်ကားတစ်လျှောက် အဓိကတွေ့ရမှာက ထိုင်ပြီး ဆွေးနွေးပြောဆိုနေကြတဲ့ မြင်ကွင်းတွေဖြစ်ပါတယ်။ ဂျာမန်ရုပ်မြင်သံကြားဆုတွေနဲ့ နိုင်ငံတကာဆုတွေလည်း ရရှိထားပြီး သမိုင်းနောက်ခံအကြောင်းအရာနဲ့ ဆွေးနွေးခန်းတွေကို အလေးပေးထားပါတယ်။

ဇာတ်လမ်းအကြောင်း