ဇာတ်ကားများ ရွေးရန်

The Goblin

2022ဇာတ်ကားအမှတ် 5.0/1090 မိနစ်

ဂန်ဒူဟျွန်းဟာ လူသတ်ဖို့ တစ်ချက်မှမတွန့်ဆုတ်တတ်တာကြောင့် “မှင်စာ” လို့ အခေါ်ခံရတဲ့ လူသတ်သမားတစ်ယောက်ပါ။ သူနဲ့မတူဘဲ လူသတ်ရမှာ လက်တွန့်တတ်တဲ့ ယောင်းမင်းက သူတို့သူဌေးကို သတ်မိသွားတဲ့အခါ ဒူဟျွန်းက သူ့အစား တရားခံဖြစ်ပြီး ထောင်ဆယ်နှစ် ကျခံခဲ့ရတယ်။ ဇနီးနဲ့ မွေးကင်းစသမီးလေးကို ထားခဲ့ရတဲ့ ဒူဟျွန်းဟာ ထောင်ကလွတ်လာရင် သာမန်ဘဝနဲ့ပဲ နေတော့မယ်လို့ စိတ်ကူးထားပါတယ်။ ဒါပေမယ့် သူလွတ်လာပြီးနောက် ကိုယ့်ကိုယ်ကိုယ် “မှင်စာ” လို့ ခံယူထားတဲ့ ယောင်းမင်းက ဒူဟျွန်းရဲ့သမီးကို ပြန်ပေးဆွဲလိုက်တယ်။ အတိတ်ကိုထားခဲ့ချင်တဲ့ ဒူဟျွန်းအတွက် ဒီပြဿနာကို ဘယ်လိုရင်ဆိုင်ရမလဲ။ သမီးကိုကယ်ဖို့ ရက်စက်တဲ့လူသတ်သမားဘဝဆီ ပြန်သွားမှာလား၊ တခြားနည်းနဲ့ ဖြေရှင်းနိုင်မလား။ ဂန်ဒူဟျွန်းအဖြစ် Jo Dong-Hyuk က သရုပ်ဆောင်ထားပြီး ယောင်းမင်းအဖြစ် Lee Wan က ပါဝင်ထားပါတယ်။ Heaven of Trees မှာ ယွန်စောအဖြစ် ပါဝင်ခဲ့တဲ့ Lee Wan ကို ဒီတစ်ခါ လူဆိုးဇာတ်ကောင်အနေနဲ့ တွေ့ရမှာပါ။

ဇာတ်လမ်းအကြောင်း