ဇာတ်ကားများ ရွေးရန်

Ben & Jody

2022ဇာတ်ကားအမှတ် 6.1/10114 မိနစ်

ဘန်က သူ့မွေးရပ်ရွာမှာ ကော်ဖီလုပ်ငန်းလုပ်ရင်း အေးအေးဆေးဆေး နေထိုင်နေသူပါ။ ကုမ္ပဏီကြီးတစ်ခုက ရွာသားတွေနဲ့ လယ်သမားတွေရဲ့ မြေတွေကို အတင်းသိမ်းယူဖို့ ပြင်ဆင်နေကြောင်း သိလိုက်ရတဲ့အခါတော့ လယ်သမားတွေကို ဦးဆောင်ပြီး ဆန္ဒပြကန့်ကွက်ခဲ့တယ်။ အဲဒီနောက် မကြာခင်မှာပဲ ကုမ္ပဏီက ငှားထားတဲ့ လူမိုက်တွေက ဘန်ကို ရိုက်နှက်ဖမ်းဆီးသွားကြပါတယ်။ သူ့လိုပဲ ဖမ်းဆီးနှိပ်စက်ခံထားရတဲ့ ရွာသားတွေလည်း အများကြီးရှိနေတယ်။ ကော်ဖီဆိုင်ဖွင့်ပွဲကို ဘန်ရောက်မလာတဲ့အတွက် သူ့သူငယ်ချင်း ဂျိုဒီက ရွာအထိ လိုက်လာပြီး စုံစမ်းပါတယ်။ အဖြစ်အပျက်တွေကို သိသွားတော့ ဘန်နဲ့အတူ အဖမ်းခံထားရသူတွေကို ကယ်ထုတ်ဖို့ ကြိုးစားပါတော့တယ်။ လူမိုက်တွေလက်ထဲက သူငယ်ချင်းကို ကယ်ဖို့ ဂျိုဒီ ဘယ်လိုစွန့်စားရမလဲ၊ ဘန်ကို အသက်ရှင်လျက် ပြန်ခေါ်ထုတ်လာနိုင်ပါ့မလား။

ဇာတ်လမ်းအကြောင်း