Toolsidas Junior
စနူကာကစားသမား တူလ်ဆီးဒက်စ်က သားအတွက် ပြိုင်ပွဲဝင်နေတာလို့ အမြဲပြောတတ်ပြီး သားငယ် မီဒီကလည်း အဖေပြိုင်တဲ့ပွဲတိုင်းကို မလွတ်တမ်း လိုက်ကြည့်တတ်ပါတယ်။ ဒါပေမယ့် ၁၉၉၄ ခုနှစ် ပြိုင်ပွဲမှာတော့ တူလ်ဆီးဒက်စ်ဟာ သားကို ကတိပေးထားသလို ဆုဖလားမရခဲ့ဘူး။ အဖေရှုံးရတဲ့အကြောင်းရင်းက ငါးနှစ်ဆက်တိုက် ချန်ပီယံဖြစ်ထားတဲ့ ပြိုင်ဘက် ဂျင်မီ တန်ဒန်ရဲ့ စနက်ကြောင့်ဆိုတာကို မီဒီ သိသွားပါတယ်။ အဲဒီကနေ အဖေ့အတွက် သူကိုယ်တိုင် ဆုဖလားယူပေးချင်စိတ် ပေါ်လာပြီး တူလ်ဆီးဒက်စ် ဂျူနီယာအဖြစ် စနူကာကစားဖို့ ကြံစည်တော့တယ်။ အဖေကစားတဲ့ကလပ်မှာ အသက် ၁၆ နှစ်အောက်ကို ပေးမကစားတာကြောင့် အစ်ကို ဂိုတီနဲ့အတူ လေ့ကျင့်ခွင့်ရမယ့် အားကစားကလပ်ကို လိုက်ရှာရပါတယ်။ နောက်ဆုံးမှာတော့ စုတ်ပြတ်နေတဲ့ အားကစားကလပ်တစ်ခုကို တွေ့သွားပြီး အဲဒီမှာရှိတဲ့ စနူကာချန်ပီယံဟောင်း ဆလန်း ဘာအီနဲ့ ဆုံဖြစ်ကြတယ်။ ဆလန်း ဘာအီက ဘယ်သူ့ကိုမှ စကားမပြောဘဲ အမြဲမျက်နှာထားတင်းတင်းနဲ့ နေတတ်သူပါ။ မီဒီကတော့ သူ့ဆီမှာ စနူကာသင်နိုင်ဖို့ ကြိုးစားပါတော့တယ်။ စနူကာကစားသမားတစ်ယောက်ရဲ့ ဖြစ်ရပ်မှန်ကို အခြေခံထားတဲ့ ဒီဇာတ်ကားမှာ မိဘက တိုက်တွန်းလို့ စကစားရတာမျိုးမဟုတ်ဘဲ အဖေ့ကိုချစ်တဲ့စိတ်နဲ့ ကိုယ့်သဘောနဲ့ကိုယ် ကြိုးစားလာတဲ့ ကောင်လေးအကြောင်းကို ပြောပြထားပါတယ်။ သားအဖကြားက မေတ္တာနဲ့အတူ ဆရာတပည့်ကြားက သံယောဇဉ်ကိုလည်း ဖော်ပြထားတယ်။ ဆလန်း ဘာအီက မီဒီမျှော်လင့်သလို သင်ပေးပါ့မလား၊ အဖေ့အတွက် ဆုဖလားယူပေးချင်တဲ့ မီဒီရဲ့အိပ်မက်ကရော တကယ်ဖြစ်လာနိုင်ပါ့မလား။
ဇာတ်လမ်းအကြောင်း