Joe Maddison's War
ဂျိုးမက်ဒီဆန်က ပထမကမ္ဘာစစ်မှာ တိုက်ခဲ့ဖူးတဲ့ စစ်သားဟောင်းတစ်ယောက်ပါ။ စစ်ကြီးပြီးသွားပေမယ့် အဲဒီတုန်းက ဒဏ်ရာဒဏ်ချက်တွေက သူ့ကို ခြောက်လှန့်နေဆဲဖြစ်ပြီး ညဘက် အိပ်မက်ဆိုးမက်ရင်း မျက်ရည်ကျရတဲ့အထိပါပဲ။ သူ့တိုက်ဖော်တိုက်ဖက်တွေကလည်း စစ်ပွဲကို မမေ့နိုင်ကြဘူး။ ဒီလိုစစ်မျိုး နောက်တစ်ခါ မဖြစ်တော့ဘူးလို့ ထင်ထားတဲ့ ဂျိုးဟာ သင်္ဘောကျင်းလုပ်သားအဖြစ် အလုပ်လုပ်ရင်း ဇနီး၊ သားနဲ့သမီးတို့နဲ့ နေထိုင်လာခဲ့ပါတယ်။ ၁၉၃၉ ခုနှစ်မှာ ဒုတိယကမ္ဘာစစ် စဖြစ်လာတော့ သူ့မိသားစုဘဝပါ ကမောက်ကမ ဖြစ်သွားတယ်။ သားကို စစ်မှုထမ်းဖို့ ဆင့်ခေါ်သလို သမီးရဲ့ခင်ပွန်းလည်း ပါသွားတာကြောင့် လက်ထပ်ပြီး မကြာသေးတဲ့ သမီးတို့လင်မယား ခွဲနေကြရပါတယ်။ စစ်ပွဲဒဏ်ကို ကိုယ်တိုင်ကြုံခဲ့ဖူးတဲ့ ဂျိုးအတွက် လက်နက်တွေ ပိုထွန်းကားလာတဲ့ ဒီစစ်ပွဲက ဘယ်လောက်ရက်စက်မလဲဆိုတာ မတွေးရဲလောက်အောင်ပါပဲ။ ဒီကြားထဲ ဇနီးကလည်း သူ့ကို စွန့်ပစ်ပြီး တခြားလူတစ်ယောက်နဲ့ ထွက်သွားပြန်တယ်။ ဘာကြောင့်ဆိုတာကို ဂျိုး နားမလည်နိုင်ဘူး။ ဇနီးက အကကောင်းသလောက် ကိုယ်က လုံးဝမကတတ်တာကြောင့်များလားလို့တောင် တွေးမိတယ်။ တစ်ဖက်မှာတော့ ဂျာမန်လေတပ်က ဗြိတိန်မြို့ကြီးတွေကို နေ့စဉ်ရက်ဆက် ဗုံးကြဲနေပြီ။ သူငယ်ချင်းတွေက ဒေသခံကာကွယ်ရေး စေတနာ့ဝန်ထမ်းတပ်မှာ ဝင်ကူနေကြပေမယ့် ဂျိုးကတော့ စိတ်ဆင်းရဲလွန်းလို့ ဗုံးကြဲလေယာဉ်လာရင်တောင် ဗုံးခိုကျင်းထဲ မဝင်တော့တဲ့အထိ ဖြစ်နေပါတယ်။ ၂၀၁၀ ခုနှစ်ထွက် ဒီရုပ်မြင်သံကြားဇာတ်ကားက စစ်ထဲထွက်သွားတဲ့ လူငယ်တွေရဲ့နောက်မှာ ကျန်ခဲ့ရသူတွေအကြောင်းကို ပြောပြထားတာပါ။ အသက်ကြီးသူတွေနဲ့ ကျွမ်းကျင်လုပ်သားဖြစ်လို့ စစ်မှုထမ်းခွင့်ကင်းလွတ်ထားသူတွေက ဒေသခံကာကွယ်ရေးတပ် ဖွဲ့ပြီး ဂျာမန်ရန်ကို ရင်ဆိုင်ကြတယ်။ လူတန်းစားအဆင့်ဆင့် ခွဲခြားမှုရှိတဲ့ အင်္ဂလန်က အောက်ခြေအလုပ်သမားတွေကြားမှာ သွေးစည်းညီညွတ်ရေးကို အလေးထားတဲ့ ကွန်မြူနစ်ဆန်ဆန် အတွေးအခေါ်တွေ အားကောင်းနေပုံကိုလည်း ထည့်သွင်းထားပါတယ်။ ဇာတ်ကောင်တွေရဲ့ ဗြိတိသျှလေယူလေသိမ်းနဲ့ အသုံးအနှုန်းတွေက အမေရိကန်အင်္ဂလိပ်နဲ့ ရင်းနှီးသူတွေအတွက် အနည်းငယ်စိမ်းနေနိုင်တယ်။ ဂျိုးက ဒီလိုပြိုကွဲသွားတဲ့ဘဝကို ပြန်တည်ဆောက်နိုင်ပါ့မလား။ ဇနီးက ဘာကြောင့် ထွက်သွားခဲ့တာလဲ၊ သူ့ဆီ ပြန်လာဦးမလား။ သူတို့ရဲ့ သင်္ဘောကျင်းတွေရှိတဲ့ မြို့ကလေးကရော ဗုံးဒဏ်ကို ဘယ်လောက်ခံနိုင်မလဲ။ နာဇီလေယာဉ်တစ်စီး ပစ်ချနိုင်လို့ ဝမ်းသာကြချိန်မှာ ဂျိုးရဲ့သားကလည်း ဗြိတိသျှဗုံးကြဲလေယာဉ်နဲ့ ဂျာမနီကို သွားတိုက်နေရတယ်။ ကိုယ့်မြို့ပေါ် ကျလာတဲ့ဗုံးတွေနဲ့ သားဖြစ်သူ သွားကြဲနေတဲ့ဗုံးတွေကြားက အဖြစ်ကို တွေးမိတဲ့အခါ ဂျိုးအတွက် စိတ်ထိခိုက်စရာ ဖြစ်လာပါတယ်။
ဇာတ်လမ်းအကြောင်း