ဇာတ်ကားများ ရွေးရန်

Moon-young

2017ဇာတ်ကားအမှတ် 6.7/1064 မိနစ်

မွန်ယောင်းက စကားမပြောတတ်တဲ့ ကောင်မလေးတစ်ယောက်ပါ။ မိခင်က စွန့်ပစ်သွားပြီးနောက် အမြဲအရက်မူးနေတဲ့ ဖခင်နဲ့ နေထိုင်နေရတယ်။ သူ့လက်ထဲမှာ ဗီဒီယိုကင်မရာလေးတစ်လုံး အမြဲရှိနေပြီး လူတွေရဲ့မျက်နှာတွေကို တိတ်တဆိတ် မှတ်တမ်းတင်ထားလေ့ရှိပါတယ်။ ဖခင်ရဲ့ အရက်မူးပြီး သွေးဆိုးမှုတွေကို မခံနိုင်တော့တဲ့အဆုံး မွန်ယောင်း အိမ်ကနေ ထွက်ပြေးသွားတယ်။ အဲဒီနောက် ချစ်သူနဲ့ လမ်းခွဲထားရလို့ အသည်းကွဲနေတဲ့ ဂျန်ဟီဆူးဆိုတဲ့ ကောင်မလေးနဲ့ ဆုံမိကြပါတယ်။ အသက်ဆယ်နှစ်ကွာတဲ့ သူတို့နှစ်ယောက်ကြားမှာ ဘယ်လိုဆက်ဆံရေး ဖြစ်လာမလဲ၊ မွန်ယောင်းကရော လူတွေရဲ့မျက်နှာတွေကို ဘာကြောင့် မှတ်တမ်းတင်နေခဲ့တာလဲဆိုတာကို ဒီဒရာမာဇာတ်လမ်းတိုမှာ ပြောပြထားပါတယ်။

ဇာတ်လမ်းအကြောင်း