Tabloid Truth
တက်သစ်စသရုပ်ဆောင် ချွဲမီဂျင်နဲ့ မန်နေဂျာ အီအူဂွန်းတို့ဟာ အောင်မြင်ဖို့ အောက်ခြေကနေ အတူရုန်းကန်ခဲ့ကြသူတွေပါ။ မီဂျင် တဖြည်းဖြည်း နာမည်ရလာတဲ့အချိန်မှာ လွှတ်တော်အမတ် နမ်ဂျောင်အင်နဲ့ ဇာတ်လမ်းဖြစ်နေတယ်ဆိုတဲ့ မကောင်းသတင်း ထွက်လာပါတယ်။ အဲဒီသတင်းကြောင့် မီဂျင်ဟာ ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံစည်ခဲ့တယ်။ မီဂျင်အပေါ် မတရားလုပ်ခဲ့သူတွေကို လက်တုံ့ပြန်ဖို့ အူဂွန်းက ကောလဟာလရဲ့ အစကို လိုက်စုံစမ်းပါတော့တယ်။ သတင်းနောက်ကွယ်က လူတွေကို ရှာဖွေရင်း Tipsheet လို့ခေါ်တဲ့ လျှို့ဝှက်အီးမေးလ်သတင်းတိုတွေနဲ့ နိုင်ငံရေးလောကကြားက အရှုပ်အထွေးတွေထဲ ရောက်သွားပါတယ်။ အင်တာနက်ပေါ်မှာ အလွယ်တကူ ဖြန့်နိုင်တဲ့ သတင်းတစ်ခုက လူတစ်ယောက်ရဲ့ နာမည်နဲ့ဘဝကို ဘယ်လောက်ထိ ထိခိုက်စေနိုင်သလဲဆိုတာကို ဒီကောလဟာလရဲ့ နောက်ကွယ်ကနေ ဖော်ပြထားတာပါ။
ဇာတ်လမ်းအကြောင်း