ဇာတ်ကားများ ရွေးရန်

American Girl

2021ဇာတ်ကားအမှတ် 6.5/10101 မိနစ်

အသက် ၁၃ နှစ်အရွယ် ဖန်းဟာ မိခင် ရင်သားကင်ဆာဖြစ်လာတာကြောင့် LA ကနေ ပြန်လာခဲ့ရပြီး ထိုင်ဝမ်က နေထိုင်မှုပုံစံနဲ့ အသားကျဖို့ ကြိုးစားနေရပါတယ်။ ငယ်ငယ်ကတည်းက ဝေးနေခဲ့တဲ့ ဖခင်နဲ့ အခု ပြန်အတူနေခွင့်ရပေမယ့် ရောဂါခံစားနေရတဲ့ မိခင်နဲ့တော့ ဆက်ဆံရေး ပိုဆိုးလာတယ်။ မိခင်ဖြစ်သူ လီလီဟာ ကင်ဆာကြောင့် ကိုယ့်ကိုယ်ကိုယ် သေရတော့မယ့်သူလို့ သတ်မှတ်ထားပြီး အရာရာကို အဆိုးဘက်က မြင်နေပါတယ်။ ဖန်းကလည်း အမေရိကန်ကိုပဲ ပြန်ချင်နေတော့ သားအမိနှစ်ယောက် ဘာပြောပြော ကတောက်ကဆ ဖြစ်နေကြတယ်။ ဒီကြားထဲ SARS ကူးစက်ရောဂါ စဖြစ်လာတဲ့အခါ သူတို့မိသားစုလေးယောက် ဘယ်လို ဆက်ရုန်းကန်ကြမလဲဆိုတာကို ဇာတ်လမ်းမှာ ဆက်ဖော်ပြထားပါတယ်။ မိသားစုဆက်ဆံရေးအကြောင်း ရိုက်ကူးထားတဲ့ ဒီဇာတ်ကားဟာ Golden Horse Film Festival နဲ့ Tokyo International Film Festival တို့မှာ ဆုငါးဆုရရှိပြီး ဆုခုနစ်ဆုအတွက် စကာတင်ရွေးချယ်ခံခဲ့ရတယ်လို့ မူရင်းအညွှန်းမှာ ဖော်ပြထားပါတယ်။

ဇာတ်လမ်းအကြောင်း