Karan Arjun
ဒူရ်ဂါဆင်းဂ်ဟာ ဆင်းရဲပေမယ့် ရိုးသားတည်ကြည်တဲ့ မုဆိုးမတစ်ယောက်ပါ။ သားနှစ်ယောက်ဖြစ်တဲ့ ကရန်နဲ့ အာဂျွန်ကို သူတစ်ယောက်တည်း ပြုစုပျိုးထောင်လာခဲ့တယ်။ တစ်နေ့မှာတော့ ယောက္ခထီးဖြစ်သူ သာကူးရ်ရဲ့ နောက်ဆုံးအချိန် ရောက်နေပြီဆိုတဲ့ သတင်းကို လူတစ်ယောက် လာပြောရာက သားနှစ်ယောက်လည်း သူတို့မသိခဲ့တဲ့ မိသားစုအကြောင်းကို ကြားသွားကြပါတယ်။ သာကူးရ်ဟာ မြေယာအများအပြား ပိုင်ဆိုင်တဲ့ သူဌေးကြီးဖြစ်ပြီး ကရန်နဲ့ အာဂျွန်တို့ရဲ့ အဘိုးပါ။ သူ့သားက သူသဘောမတူတဲ့ကြားက ဒူရ်ဂါကို လက်ထပ်ခဲ့လို့ အမွေပြတ်စွန့်လွှတ်ထားခဲ့တာ ဖြစ်တယ်။ အခုတော့ မသေခင် မြေးနှစ်ယောက်ကို အမွေလွှဲပေးချင်လို့ လာခေါ်ခိုင်းတာပါ။ ဒါပေမယ့် သာကူးရ်ရဲ့ ဆွေမျိုးတစ်ယောက်ဖြစ်တဲ့ ဒူရ်ဂျန်းက ဒီစည်းစိမ်တွေကို တစ်ယောက်တည်း ရချင်နေတယ်။ မြေးတွေကို စောင့်နေတဲ့ သာကူးရ်ရှေ့မှာ ဒူရ်ဂျန်းက လွန်ခဲ့တဲ့နှစ်တွေက သူ့သားကို သတ်ခဲ့သူဟာ မိမိပဲဖြစ်ကြောင်း ဖွင့်ပြောပြီး သာကူးရ်ကိုပါ သတ်ပစ်လိုက်ပါတယ်။ ရောက်လာတဲ့ ကရန်နဲ့ အာဂျွန်လည်း မလွတ်ကြဘူး။ ဒူရ်ဂျန်းနဲ့ သူ့လူတွေက ညီအစ်ကိုနှစ်ယောက်ကို မိခင်ရှေ့မှာပဲ ညှဉ်းပန်းသတ်ဖြတ်လိုက်ကြတယ်။ သားနှစ်ယောက်လုံးကို ဆုံးရှုံးလိုက်ရတဲ့ ဒူရ်ဂါက ကာလီမယ်တော်ဆီ တိုင်တည်ပြီး သားတွေ လူပြန်ဝင်စားလာကာ ဒီလူတွေကို လက်စားချေနိုင်ပါစေလို့ ဆုတောင်းကျိန်ဆိုပါတော့တယ်။ သူ့ကျိန်ဆိုမှုက ဒူရ်ဂျန်းအပေါ် သက်ရောက်လာမလား၊ ကရန်နဲ့ အာဂျွန်တို့ တစ်ဖန်ပြန်မွေးဖွားလာကြဦးမလား။ ၁၉၉၅ ခုနှစ် ဇန်နဝါရီ ၁၃ ရက်မှာ ရုံတင်ခဲ့တဲ့ ဒီအက်ရှင်၊ ဒရမ်မာနဲ့ သည်းထိတ်ရင်ဖိုဇာတ်ကားကို ရာကေ့ရှ်ရိုရှန်က ရိုက်ကူးထားပါတယ်။ ကရန်အဖြစ် ဆယ်လ်မားန်ခန်း၊ အာဂျွန်အဖြစ် ရှာရွတ်ခန်၊ ဒူရ်ဂါအဖြစ် ရာခီးနဲ့ ဒူရ်ဂျန်းအဖြစ် အမ်းမရစ်ရှ်ပူရီးတို့ ပါဝင်ပြီး ကာဂျိုးနဲ့ Mamta Kulkarni တို့လည်း သရုပ်ဆောင်ထားကြတယ်။ ရာကေ့ရှ်ရိုရှန်ဟာ Hrithik Roshan ရဲ့ ဖခင်ဖြစ်ပြီး သူ့ဇာတ်ကားတွေမှာ အက်ရှင်နဲ့ စွန့်စားခန်းတွေအပြင် ကျေးလက်ဒေသနဲ့ သစ်တောရှုခင်းတွေကို အသုံးများတတ်သလို အမည်ကိုလည်း အင်္ဂလိပ်အက္ခရာ K နဲ့ စထားတာ များပါတယ်။ ရူပီ ၆ ကုဋေ အကုန်အကျခံထားတဲ့ ဒီကားဟာ ရူပီ ၅၃.၅၈ ကုဋေ ပြန်လည်ရရှိခဲ့ပြီး ၁၉၉၅ ခုနှစ်မှာ DDLJ ပြီးရင် ဒုတိယဝင်ငွေအကောင်းဆုံး အိန္ဒိယရုပ်ရှင် ဖြစ်ခဲ့ပါတယ်။ ရာဂျစ်စတန်မှာ ရိုက်ကူးထားပြီး ရွာထဲက ဇာတ်ဝင်ခန်းတွေကို အယ်လ်ဝါခရိုင်ရှိ ဘန်ဂါ့သ်ရွာမှာ ရိုက်ထားတာပါ။ Filmfare ရဲ့ အကောင်းဆုံးအက်ရှင်ဆုနဲ့ အကောင်းဆုံးတည်းဖြတ်ဆုတို့ကိုလည်း ရရှိခဲ့တယ်။ ဇာတ်ဝင်တေးတွေကို ဒါရိုက်တာရဲ့ညီ Rajesh Roshan က ရေးဖွဲ့ထားပြီး သီချင်းမူပိုင်ခွင့်တွေကို Times Magnetic က ဝယ်ယူထားခဲ့ပါတယ်။
ဇာတ်လမ်းအကြောင်း