Centauro
ဆိုင်ကယ်ပြိုင်ရာမှာ ပါရမီရှိလို့ လူတွေ သတိထားမိကြတဲ့ လူငယ်တစ်ယောက်ဟာ သူချစ်နေဆဲ ဇနီးဟောင်းနဲ့ သားလေး ဒုက္ခရောက်နေချိန်မှာ ကိုယ်တိုင်ဝင်ကူဖို့ ဖြစ်လာပါတယ်။ ဇနီးဟောင်းက မူးယစ်ဂိုဏ်းနဲ့ ပတ်သက်မိထားတာကြောင့် ဒီအရှုပ်အထွေးကို သူ့ပြိုင်ဆိုင်ကယ်တစ်စီးနဲ့ ဘယ်လိုဖြေရှင်းမလဲဆိုတာ ဆိုင်ကယ်မောင်းနှင်ခန်းတွေနဲ့အတူ ဆက်ပြထားပါတယ်။ Centauro ဆိုတာ စပိန်လို လူတစ်ပိုင်း၊ မြင်းတစ်ပိုင်းရှိတဲ့ မနုဿမြင်းကို ခေါ်တာပါ။ ရဲစွမ်းသတ္တိ၊ ခွန်အားနဲ့ အပြေးမြန်မှုတို့ကို ရည်ညွှန်းပြီး ဆိုင်ကယ်ပြိုင်သမားလူငယ်နဲ့ နှိုင်းယှဉ်မိတ်ဆက်ထားတာ ဖြစ်တယ်။ အက်ရှင်၊ စွန့်စားခန်းနဲ့ ရာဇဝတ်မှုအကြောင်း ပေါင်းစပ်ထားတဲ့ စပိန်ဇာတ်ကားဖြစ်ပြီး Burn Out ကို ပြန်လည်ရိုက်ကူးထားတာပါ။
ဇာတ်လမ်းအကြောင်း