Nitram
၁၉၉၆ ခုနှစ်မှာ ဩစတေးလျနိုင်ငံရဲ့ ပေါ့အာသာ သမိုင်းဝင်နေရာမှာ လူ ၃၅ ယောက် သေဆုံးပြီး ၂၃ ယောက် ဒဏ်ရာရခဲ့တဲ့ အစုလိုက်အပြုံလိုက် ပစ်ခတ်မှု ဖြစ်ပွားခဲ့ပါတယ်။ ဒီဖြစ်ရပ်နောက်ပိုင်း လက်နက်ကိုင်ဆောင်ခွင့်ဥပဒေတွေကို တင်းကျပ်ခဲ့ပြီး အစိုးရက လက်နက်တွေ ပြန်လည်သိမ်းယူဖျက်ဆီးခဲ့တယ်။ ပြည်သူတွေကလည်း ဒီပြောင်းလဲမှုကို လိုလိုလားလား လက်ခံခဲ့ကြပါတယ်။ Nitram က အဲဒီပစ်ခတ်မှုကို ကျူးလွန်ခဲ့သူ Martin John Bryant ရဲ့အကြောင်းကို စိတ်ပိုင်းဆိုင်ရာဘက်ကနေ အဓိကထား ပုံဖော်ထားတဲ့ ဒရမ်မာဇာတ်ကားပါ။ ဇာတ်ကားအမည်က Martin ဆိုတဲ့နာမည်ကို နောက်ပြန်ရေးထားတာ ဖြစ်တယ်။ Martin ဟာ စိတ်ပိုင်းဆိုင်ရာချို့ယွင်းမှုရှိပြီး ငယ်စဉ်က ကျောင်းမှာ အနိုင်ကျင့်ခံခဲ့ရသူပါ။ ပတ်ဝန်းကျင်က သူ့အပေါ် အမြင်မကြည်ကြသလို မိခင်နဲ့လည်း အဆင်မပြေဘူး။ သူ့ဘက်မှာ ရပ်တည်ပေးခဲ့သူက ဖခင်ပဲ ရှိခဲ့တယ်။ ဇာတ်ကားက သူ့ဘဝနဲ့ စိတ်အခြေအနေကို လိုက်ပြရင်း ဒီလူသတ်မှုကြီးကို ကျူးလွန်တဲ့အထိ ဘယ်လိုဦးတည်သွားခဲ့သလဲဆိုတာ တင်ပြထားပါတယ်။ သူ့အကြောင်းကို နားလည်နိုင်ဖို့ ကြိုးစားပုံဖော်ထားသလို စိတ်ပိုင်းဆိုင်ရာချို့ယွင်းမှုရှိသူတွေအပေါ် မပြုမူသင့်တဲ့ ဆက်ဆံပုံတွေကိုလည်း ထည့်သွင်းပြထားတယ်။ ဩစတေးလျဒါရိုက်တာ Justin Kurzel က ရိုက်ကူးထားပြီး Martin အဖြစ် Caleb Landry Jones က သရုပ်ဆောင်ထားပါတယ်။ စိတ်မသက်မသာ ဖြစ်စေတဲ့ အကြောင်းအရာနဲ့ တင်ပြပုံတွေ ပါဝင်တဲ့ဇာတ်ကားဖြစ်ပြီး Caleb Landry Jones ဟာ ဒီသရုပ်ဆောင်မှုအတွက် ကိန်းရုပ်ရှင်ပွဲတော်မှာ အကောင်းဆုံးအမျိုးသားသရုပ်ဆောင်ဆု ရရှိခဲ့တယ်။ ဩစတေးလျရုပ်ရှင်ဆုပေးပွဲမှာလည်း အကောင်းဆုံးရုပ်ရှင်၊ ဒါရိုက်တာ၊ အမျိုးသားနဲ့ အမျိုးသမီးသရုပ်ဆောင်၊ အမျိုးသားနဲ့ အမျိုးသမီးဇာတ်ပို့ဆုတွေ ရရှိခဲ့ပါတယ်။
ဇာတ်လမ်းအကြောင်း