Dakota
ခင်ပွန်းဖြစ်သူကို ရှေ့တန်းမှာ မကြာသေးခင်ကမှ ဆုံးရှုံးထားရတဲ့ ကိတ်စလင်ဒါဟာ သမီးလေး အဲလက်စ်နဲ့အတူ ဂျော်ဂျီယာပြည်နယ်က မိသားစုပိုင် မွေးမြူရေးခြံမှာ နေထိုင်ပါတယ်။ ခြံအလုပ်တွေ လုပ်ရင်း မီးသတ်တပ်ဖွဲ့မှာလည်း စေတနာ့ဝန်ထမ်းအဖြစ် ဝင်ကူနေသူပါ။ မြို့က နယ်ထိန်းရဲ ဂျက်ကတော့ သူတို့ခြံရဲ့ လျှို့ဝှက်ချက်ကို သိထားပြီး အဖိုးတန်တဲ့ ဒီမြေကို အပိုင်ရဖို့ ကြိုးစားနေပါတယ်။ အဲဒီအချိန်မှာ ကိတ်ရဲ့ခင်ပွန်းနဲ့ ရှေ့တန်းမှာ အတူတာဝန်ထမ်းဆောင်ခဲ့တဲ့ စီဂျေက ဒါကိုတာဆိုတဲ့ ခွေးလေးကို ခေါ်ပြီး ရောက်လာတယ်။ အဲလက်စ်နဲ့ ရှေ့တန်းပြန်ခွေးလေး ဒါကိုတာတို့ ခြံရဲ့လျှို့ဝှက်ချက်ကို ဘယ်လိုဖော်ထုတ်ကြမလဲ၊ သူတို့မြေကို လိုချင်နေတဲ့ နယ်ထိန်းရဲကိုရော ဘယ်လိုပညာပေးကြမလဲဆိုတာ ဆက်ပြထားတဲ့ ၂၀၂၂ ခုနှစ်ထွက် မိသားစုဇာတ်ကားပါ။
ဇာတ်လမ်းအကြောင်း