Anne+: The Film
အန်နီးရဲ့ ချစ်သူကောင်မလေးဟာ အလုပ်ကိစ္စနဲ့ မွန်သရီရယ်ကို ပြောင်းရွှေ့ရတော့မှာပါ။ အန်နီးကိုယ်တိုင်လည်း အဲဒီမြို့မှာ အလုပ်ရထားတာကြောင့် လအနည်းငယ်ကြာရင် လိုက်ပြောင်းဖို့ ရှိနေပါတယ်။ ချစ်သူက အရင်ထွက်သွားပြီးနောက် အန်နီးဟာ ပထမဆုံးစာအုပ် ထုတ်ဝေဖို့ရော၊ မြို့ပြောင်းဖို့အတွက်ပါ ပြင်ဆင်နေရင်း အလုပ်ရှုပ်နေတယ်။ အဲဒီကြားထဲ ချစ်သူမှာ နောက်ထပ် အီစီကလီလုပ်နေသူ ရှိလာပြီဆိုတာ သိလိုက်ရပါတယ်။ နှစ်ယောက်သား သဘောတူထားတဲ့ ကိစ္စမို့ အဆင်ပြေပါတယ်လို့ ပြောနေပေမယ့် အန်နီးအတွက်တော့ စိတ်ရှုပ်စရာတွေ ပိုများလာတယ်။ သူတို့ရဲ့ အချစ်ရေး ဘယ်လိုဆက်ဖြစ်မလဲ၊ အန်နီးရဲ့ စာအုပ်ကရော ထုတ်ဝေခွင့်ရပါ့မလားဆိုတာကို Netflix က ထုတ်ထားတဲ့ ဒီအချစ်ဒရာမာမှာ ဆက်ပြထားပါတယ်။
ဇာတ်လမ်းအကြောင်း