ဇာတ်ကားများ ရွေးရန်

Alabama Rose

2022ဇာတ်ကား99 မိနစ်

ခင်ပွန်းသေဆုံးသွားလို့ ဝမ်းနည်းကြေကွဲနေဆဲဖြစ်တဲ့ မယ်ရီဟာ ဘဝကို ပြန်ရှေ့ဆက်နိုင်ဖို့ ကြိုးစားနေပါတယ်။ သူငယ်ချင်းက အတင်းတိုက်တွန်းတာကြောင့် မော်ဒယ်အလုပ်ကို စလုပ်ဖြစ်လာပေမယ့် အိမ်ပြန်ရောက်တိုင်း တစ်ယောက်ယောက်က သူ့ကို စောင့်ကြည့်နေသလို ခံစားနေရတယ်။ ရဲဆီ မကြာခဏ ဖုန်းဆက်လွန်းတော့ နောက်ပိုင်း သူ့ဖုန်းဆို ရဲစခန်းကတောင် မကိုင်တော့ပါဘူး။ တစ်နေ့မှာ မယ်ရီဟာ ခရီးသွားဓာတ်ပုံဆရာတစ်ယောက်နဲ့ တွေ့ဆုံလာပါတယ်။ ဒီတွေ့ဆုံမှုနဲ့အတူ သူ့ဘဝကို ပြန်ရှေ့ဆက်နိုင်မလား။ သူ့ကို စောင့်ကြည့်နေတယ်ဆိုတဲ့ ခံစားချက်ကရော တကယ်တစ်ယောက်ယောက် ရှိနေလို့လား၊ သူ့စိတ်ထဲက ထင်မြင်မှုသက်သက်လားဆိုတာ မသေချာသေးပါဘူး။

ဇာတ်လမ်းအကြောင်း