ဇာတ်ကားများ ရွေးရန်

Unfinished

2022ဇာတ်ကားအမှတ် 7.0/10101 မိနစ်

Zora ဟာ နာမည်ကြီး စာရေးဆရာတစ်ယောက်ရဲ့ သမီးဖြစ်ပေမယ့် အဖေ့အကြောင်းကို သိပ်မသိခဲ့ပါဘူး။ အဖေဖြစ်သူ နှလုံးရောဂါနဲ့ ဆုံးသွားချိန်မှာ အိမ်တစ်လုံး အမွေရခဲ့သလို သူရေးလက်စ ဝတ္ထုကိုလည်း အဆုံးသတ်ပေးဖို့ ဖြစ်လာပါတယ်။ Zora ကိုယ်တိုင်ကလည်း ဖခင်လိုပဲ စိတ်ကစဉ့်ကလျားရောဂါ ခံစားနေရသူပါ။ ခင်ပွန်းလောင်းကို အထင်လွဲပြီး စိတ်ဆိုးသွားတဲ့အခါ Zora ဟာ အမွေရထားတဲ့ ဖခင်ရဲ့အိမ်ကို သွားနေလိုက်ပါတယ်။ ရောက်ရောက်ချင်း တွေ့ရတဲ့လူတွေဆီက နွေးနွေးထွေးထွေး ကြိုဆိုမှု မရသလို အရင်ကတည်းက မက်နေတဲ့ အိပ်မက်ဆိုးတွေလည်း ပိုဆိုးလာတယ်။ အိမ်ကြီးက ထူးဆန်းနေသလို အဲဒီမှာရှိတဲ့ လူတွေကလည်း ထူးဆန်းနေကြပါတယ်။ ဒီအခြေအနေတွေကြားမှာ အဖေရဲ့ မပြီးဆုံးသေးတဲ့ ဝတ္ထုကို Zora လက်စသတ်နိုင်ပါ့မလား၊ သူ့အတွက် ဘာတွေ ဆက်ဖြစ်လာဦးမလဲဆိုတာ မသိရသေးပါဘူး။

ဇာတ်လမ်းအကြောင်း