Eternals
စကြဝဠာကြီး မဖန်ဆင်းရသေးခင်ကတည်းက ဖန်ဆင်းရှင်တွေ ရှိနေခဲ့ပါတယ်။ မဟာဖန်ဆင်းရှင် အာရစ်ရှမ်က ပထမဆုံးနေကို ဖန်ဆင်းပြီး စကြဝဠာကို အလင်းပေးခဲ့ရာက သက်ရှိတွေ စတင်ပေါ်ပေါက်လာကြတယ်။ အစပိုင်းမှာတော့ အရာအားလုံး ဟန်ချက်ညီညီနဲ့ သာယာနေခဲ့ပါတယ်။ ဒါပေမဲ့ အာကာသရဲ့ နက်ရှိုင်းတဲ့နေရာတွေမှာ ဒီးဗီးယန့်ဆိုတဲ့ မျိုးစိတ်တွေ ပေါ်လာပြီး အသိဉာဏ်ရှိတဲ့ သက်ရှိတွေကို စားသုံးလာကြတယ်။ စကြဝဠာထဲမှာ ကစဉ့်ကလျားဖြစ်လာတဲ့အခါ အာရစ်ရှမ်က အိုလမ်ပီယာဂြိုဟ်က မသေမျိုးသူရဲကောင်း အီတာနယ်တွေကို စေလွှတ်ပြီး ဒီးဗီးယန့်တွေကို ရှင်းလင်းခိုင်းခဲ့ပါတယ်။ အာဂျက်ဦးဆောင်တဲ့ အီတာနယ်တွေဟာ အာရစ်ရှမ်အပေါ် အမြဲသစ္စာရှိခဲ့ကြသူတွေပါ။ ဒါပေမဲ့ တာဝန်တစ်ခုနဲ့ ကြုံလာရတဲ့အခါ သူတို့အတွက် အရာရာ ပြောင်းလဲလာပါတော့တယ်။
ဇာတ်လမ်းအကြောင်း