The Most Reluctant Convert: The Untold Story of C.S. Lewis
နာနီရာဝတ္ထုတွေကို ရေးသားခဲ့တဲ့ စာရေးဆရာ C.S. Lewis ရဲ့ ဘဝကို သူ့အမြင်ကနေ ပြန်ပြောပြထားတဲ့ အတ္ထုပ္ပတ္တိဇာတ်ကားပါ။ လူးဝစ်ဟာ နာနီရာအပြင် Out of the Silent Planet၊ Perelandra နဲ့ That Hideous Strength ဆိုတဲ့ သိပ္ပံစိတ်ကူးယဉ်ဝတ္ထုတွေကိုလည်း ရေးသားခဲ့သူဖြစ်ပါတယ်။ The Lord of the Rings ရေးသားသူ ဂျေအာအာ တိုကင်းန်ကတော့ သူ့ရဲ့မိတ်ဆွေတစ်ယောက်ပါ။ လူးဝစ်ဟာ အောက်စ်ဖို့မှာ စာပေလေ့လာနေစဉ်က ဘုရားမရှိဘူးဆိုတဲ့ အယူအဆကို အခိုင်အမာ ကိုင်စွဲထားသူဖြစ်ပြီး တိုကင်းန်ကတော့ ခရစ်ယာန်ဘာသာကို ယုံကြည်သူပါ။ ဇာတ်လမ်းက လူးဝစ်ရဲ့ ငယ်ဘဝကစလို့ ဘုရားကို ဘာကြောင့် မယုံကြည်ခဲ့သလဲ၊ အဲဒီအယူအဆတွေအတွက် ဘယ်လိုအကြောင်းပြချက်တွေ ရှိခဲ့သလဲဆိုတာကို ပြထားပါတယ်။ စာပေပညာရှင်ဘဝတစ်လျှောက် ဆွေးနွေးငြင်းခုံခဲ့ပုံတွေနဲ့ ခရစ်တော်ကို ယုံကြည်လာတဲ့အထိ သူ့အတွေးအခေါ် ပြောင်းလဲလာပုံကို ဆက်လက်တင်ပြထားတယ်။ ဇာတ်ကားနာမည်က ဘုရားကို ယုံကြည်ဖို့ အတွန့်ဆုတ်ဆုံးဖြစ်ခဲ့တဲ့ ယုံကြည်သူလို့ အဓိပ္ပါယ်ရပါတယ်။ ဘာသာတရားနဲ့ပတ်သက်တဲ့ မေးခွန်းတွေကို စာပေပညာရှင်တွေ ဆွေးနွေးတွေးခေါ်ကြပုံက ဒီဇာတ်လမ်းမှာ အဓိကနေရာယူထားပါတယ်။
ဇာတ်လမ်းအကြောင်း