ဇာတ်ကားများ ရွေးရန်

The Reading

2023ဇာတ်ကားအမှတ် 7.4/1096 မိနစ်

စကိုင်းဆိုတဲ့ ကောင်မလေးဟာ သေဆုံးသွားသူတွေနဲ့ ဆက်သွယ်နိုင်သူပါ။ သူနဲ့ သူငယ်ချင်းတွေက အဲဒီအစွမ်းကို အသုံးပြုပြီး သေသူတွေနဲ့ ချိတ်ဆက်ဟောပြောပေးတဲ့အလုပ်ကို စီးပွားရေးအဖြစ် လုပ်နေကြတယ်။ ဒါပေမဲ့ စကိုင်းကိုယ်တိုင်က ဒီအလုပ်ကို ဆက်လုပ်ရမှာ ကြောက်လာပါတယ်။ အဲဒီအချိန်မှာပဲ ငွေအများကြီးရနိုင်မယ့် အလုပ်တစ်ခု ပေါ်လာတယ်။ အေမာ လီဒင်န်ဆိုတဲ့ အမျိုးသမီးကို ဟောပြောပေးဖို့ပါ။ အေမာဟာ အိမ်ထဲကျူးကျော်ဝင်ရောက်ခံရတဲ့ ဖြစ်ရပ်တစ်ခုမှာ သူတစ်ယောက်ကလွဲလို့ မိသားစုဝင်အားလုံးကို ဆုံးရှုံးထားရသူဖြစ်ပါတယ်။ အေမာအတွက် စကိုင်းက သေသူတွေနဲ့ ဆက်သွယ်ပေးတဲ့အခါ သူနဲ့ သူငယ်ချင်းတွေ ဘာတွေကြုံလာရမလဲ။ အေမာတို့အိမ် ကျူးကျော်ခံခဲ့ရတဲ့ဖြစ်ရပ်ကရော ဘယ်လိုဖြစ်ခဲ့တာလဲဆိုတဲ့ မေးခွန်းတွေကို ဆက်ဖော်ထုတ်သွားတဲ့ ထိတ်လန့်သည်းဖိုဇာတ်ကားပါ။

ဇာတ်လမ်းအကြောင်း