ဇာတ်ကားများ ရွေးရန်

Brazen

2022ဇာတ်ကားအမှတ် 4.9/1094 မိနစ်

Grace Miller ဟာ လူသတ်မှုတွေအကြောင်း အသေးစိတ် ရေးသားနိုင်လို့ စာဖတ်သူတွေ နှစ်သက်ကြတဲ့ နာမည်ကြီး မှုခင်းဝတ္ထုစာရေးဆရာမတစ်ယောက်ပါ။ သူ့ညီမ Kathleen ကတော့ အိမ်ထောင်ရေးပြဿနာတွေနဲ့ ရုန်းကန်နေရပြီး ဆေးစွဲတဲ့အထိ ဖြစ်နေပါတယ်။ တစ်နေ့မှာ Kathleen က ဖုန်းဆက်ခေါ်လာတာကြောင့် Grace က ညီမဆီ အပြေးအလွှား သွားတွေ့တယ်။ နောက်တစ်ရက်မှာတော့ ညီမရဲ့ အိမ်နီးချင်းအမျိုးသားတစ်ယောက်နဲ့ ချိန်းပြီး ညစာထွက်စားဖြစ်ကြပါတယ်။ ဒိတ်က အဆင်ပြေပြေ ပြီးဆုံးသွားပေမယ့် အိမ်ပြန်ရောက်တဲ့အခါ Grace ဘာကို ရင်ဆိုင်တွေ့လိုက်ရမလဲဆိုတဲ့နေရာကနေ ဇာတ်လမ်းကို ဆက်ထားပါတယ်။ Nora Roberts ရဲ့ မှုခင်းနဲ့ လျှို့ဝှက်ဆန်းကြယ်ဝတ္ထု Brazen Virtue ကို အခြေခံရိုက်ကူးထားတဲ့ Netflix ဇာတ်ကားပါ။ Grace Miller အဖြစ် Alyssa Milano က သရုပ်ဆောင်ထားပြီး Sam Page လည်း ပါဝင်ထားပါတယ်။

ဇာတ်လမ်းအကြောင်း