Character
ယမရှိရို ခဲအိဂေါ့ဟာ ဖြတ်သွားဖြတ်လာလူတစ်ယောက်ရဲ့ပုံကိုတောင် ချက်ချင်း ဆွဲနိုင်လောက်အောင် ပါရမီရှိတဲ့ မန်ဂါစာရေးဆရာတစ်ယောက်ပါ။ သူရေးချင်တာက သည်းထိတ်ရင်ဖို မှုခင်းဇာတ်လမ်းတွေဖြစ်ပေမယ့် သဘောကောင်းလွန်းတဲ့ သူ့အတွက် အသက်ဝင်တဲ့ဇာတ်ကောင်တွေ ဖန်တီးဖို့ ခက်နေတယ်။ ပုံဆွဲတော်ပေမယ့် ကိုယ်ပိုင်မန်ဂါတစ်ပုဒ် မထုတ်နိုင်သေးတာကြောင့် စိတ်ဓာတ်ကျပြီး အလုပ်ထွက်ဖို့တောင် စဉ်းစားနေပါပြီ။ အဲဒီအချိန်မှာ သူ့ဆရာက စံအိမ်တစ်လုံးရဲ့ပုံကို ညဘက် သွားဆွဲခိုင်းတယ်။ ပုံကြမ်းဆွဲနေတုန်း အိမ်ထဲက သီချင်းသံ ကျယ်လွန်းလို့ အိမ်နီးချင်းတစ်ယောက်က လှမ်းတိုင်တန်းနေပါတယ်။ ယမရှိရိုလည်း အခြေအနေမကောင်းမှာစိုးပြီး အိမ်ရှင်တွေကို လှမ်းပြောဖို့ ကြိုးစားပေမယ့် ဘာတုံ့ပြန်သံမှ မကြားရဘူး။ အိမ်ထဲ ဝင်ကြည့်လိုက်တဲ့အခါ အိမ်ရှင်တွေ ဓားနဲ့ထိုးသတ်ခံထားရတာကို တွေ့လိုက်ရပါတယ်။ သူ့ဘဝမှာ ပထမဆုံး ကြုံရတဲ့ အဖြစ်ဆိုးကြောင့် ကြောက်လန့်နေတုန်း လူသတ်သမားကိုပါ မြင်လိုက်ရတယ်။ ဒါပေမယ့် ရဲကို ထွက်ချက်ပေးတဲ့အခါမှာတော့ လူသတ်သမားကို မမြင်ခဲ့ဘူးလို့ ပြောလိုက်ပါတယ်။ အဲဒီနောက် ယမရှိရိုက Dagger ဆိုတဲ့ ဇာတ်ကောင်ကို ဖန်တီးပြီး “34, Rising Sun” ဆိုတဲ့ မန်ဂါစီးရီးကို ရေးဆွဲရာက လူကြိုက်များလာတယ်။ ပထမဆုံးဇာတ်လမ်းအဖြစ် ရေးထားတာက သူကိုယ်တိုင် မျက်မြင်တွေ့ခဲ့တဲ့ လူသတ်မှုအကြောင်းပါ။ ဒါပေမယ့် သူ့မန်ဂါထဲက ဒုတိယဇာတ်လမ်းနဲ့ တစ်ပုံစံတည်း လူသတ်မှုတစ်ခု ထပ်ဖြစ်လာပါတယ်။ ဖြစ်ပွားတဲ့နေရာ၊ သေဆုံးပုံနဲ့ လူသတ်လက်နက်ထားခဲ့တဲ့ နေရာကအစ မန်ဂါထဲကအတိုင်း ဖြစ်နေတာကြောင့် ရဲတွေက သူ့ကို ထပ်စစ်ဆေးရတယ်။ ယမရှိရိုက တရားခံမဖြစ်နိုင်တဲ့အခါ ရဲတွေ ဘယ်သူ့ကို သံသယထားပြီး ဆက်စုံစမ်းကြမလဲ။ လူသတ်သမားကလည်း မိသားစုဝင်လေးဦးရှိတဲ့ အိမ်တွေကိုမှ ဘာကြောင့် ရွေးချယ်နေရတာလဲ။ ကိုယ်ပိုင်ဟန်မရှိဘဲ သူတစ်ပါးကို ပုံတူကူးချတတ်သူတစ်ယောက်က လက်တွေ့ဘဝမှာ ဘယ်လောက်အထိ ဒုက္ခပေးနိုင်သလဲဆိုတဲ့ မေးခွန်းကိုပါ ဇာတ်လမ်းက ထုတ်ထားပါတယ်။
ဇာတ်လမ်းအကြောင်း